Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်ရှိ ခမရ(၅၉၈)တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ စစ်‌ကောင်စီ၏ အမှတ်(၅၉၈)ခြေမြန်တပ်ရင်း( ခမရ-၅၉၈)အား တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့(မေ ၉ရက်) နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဝထက်မနည်းသေဆုံးကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - AP

မေ ၉၊၂၀၂၅။ကဖေး/People’s Spring

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ စစ်‌ကောင်စီ၏ အမှတ်(၅၉၈)ခြေမြန်တပ်ရင်း( ခမရ-၅၉၈)အား တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့(မေ ၉ရက်) နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဝထက်မနည်းသေဆုံးကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို မတ်လတတိယလပတ်အတွင်း စတင်တိုက်ခိုက်ခဲ့ပြီးနောက် ခမရ(၅၉၈)တပ်ရင်းကိုလည်း တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့(မေလ ၈ရက်)ညက စခန်းသိမ်းတိုက်ပွဲအတွက် ထိုးစစ်ဆင်ခဲ့ပြီး ယ‌နေ့ နံနက်ပိုင်းတွင် သိမ်းယူလိုက်ခြင်းဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

” စခန်းက ကျသွားပါပြီ။ ရဲဘော်တွေ လက်ထဲရောက်နေပါပြီ။ လေကြောင်းအန္တရာယ်ကြားကနေ လိုက်ရှင်းနေရတာ”ဟု ရွှေကျင်မြို့မှ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညက တိုက်ပွဲမှာ အလွန်ပြင်းထန်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို ဒိုက်ဦးမြို့ပေါ်မှကြားခဲ့ရသလို ပေါက်ကွဲသည့် မီးတောက်များကိုလည်း မြင်တွေ့ခဲ့ရကြောင်း ဒိုက်ဦးမြို့ခံတစ်ဦးက ပြောသည်။

ခမရ(၅၉၈)တပ်ရင်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သည့် ပူးပေါင်းတပ်တွင်လည်း ထိခိုက်ကျဆုံးမှုအချို့ရှိကြောင်း ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

အမှတ်(၂)စစ်ဒေသနှင့် KNUတို့က မကြာမီ သတင်းအသေးစိတ်သတင်းထုတ်ပြန်မည်ဟုလည်း ဆိုသည်။

ရွှေကျင်မြို့နယ်တွင် ခမရ(၅၉၈)တပ်ရင်းအပြင် နောက်ထပ် စစ်တပ်ရင်းနှစ်ခုနှင့် ရဲစခန်း၊ ဌာနဆိုင်ရာရုံးများကျန်ရှိနေသေးသည်။ စစ်ကောင်စီက ယနေ့နံနက် ၁၁နာရီခန့်အထိ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

ရွှေကျင်မြို့နယ်အတွင်း စစ်ဆင်ရေးကို စစ်ဆင်ရေးတွင် KNLAနှင့်အတူ Southern Eagle တပ်ရင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၃)စစ်ဒေသမှ တပ်ရင်းများပူးပေါင်းတိုက်ခိုက်နေခြင်းဟု သတင်းရရှိသည်။

ထို့အပြင် ထိုင်း – မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် ၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်ရှိ တ​ခေါဘီခီးစခန်းကို KNLAပူးပေါင်းတပ်က တိုက်ခိုက်ပြီး ၂ရက်အကြာတွင် စစ်ကောင်စီတပ်သားများက စခန်းစွန့်ခွာသွားကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တ​ခေါဘီခီးစခန်းကို KNU တပ်မဟာ (၇)နှင့် ပူးပေါင်းတပ်များက မေလ ၇ ရက်နံနက်ပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ယမန်နေ့ (မတ် ၁၂ ရက်)နေ့လယ် ၁၂ နာရီက ညောင်ခြေထောက်ကျေးရွာ ချောင်းလှေဆိပ်တွင် အကောက်ခွန်ကောက်နေသော တပ်မ (၅၉၈)မှ တပ်ကြပ်ကြီး ငပေါက်ဆိုသူအား သွားရောက်ရှင်းလင်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် သိုက်တူးကုန်းမှ ပြည်သူနှစ်ဦး၊ ဝိုင်းကျေးရွာမှ တစ်ဦးနှင့် ကွင်းဒလရွာမှ ပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၃ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဆောထိမြို့နယ်ဖြစ်သော ညောင်ပင်ကြီး ကျေးရွာတွင်းသို့ လက်နက်ကြီး လေးလုံးပစ်ခတ် ခဲ့ရာ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ဟု ဖော်ပြသည်။

သတင်း

အဆိုပါပစ်ခတ်မှုတွင် ပြည်သူလူထုများ ထိခိုက်မှုမရှိသော်လည်း ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

Facebook