Connect with us

Hi, what are you looking for?

သတင်း

ရှင်ပြုမယ့်အလှူအိမ်ဗုံးကြဲခံရပြီး အလှူ့ဒါယိကာနဲ့မောင်ရှင်လောင်းအပါအဝင် သုံးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊အနိမ့်ကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ မနက်ဖြန်အလှူမှာ ရှင်ပြုမယ့် မောင်ရှင်လောင်းနဲ့ အလှူ့ဒါယိကာအပါအဝင် ၃ဦး သေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ BLDF တပ်ခွဲအညာမိုင်း တပ်ဖွဲ့ထံက ပြောပါတယ်။

ချောင်းဦးမြို့နယ်၊အနိမ့်ကျေးရွာက အလှူနေအိမ်ဗုံးကြဲခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CRN

မေ ၁၀၊၂၀၂၅။မေ၊ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊အနိမ့်ကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ မနက်ဖြန်အလှူမှာ ရှင်ပြုမယ့် မောင်ရှင်လောင်းနဲ့ အလှူ့ဒါယိကာအပါအဝင် ၃ဦး သေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ BLDF တပ်ခွဲအညာမိုင်း တပ်ဖွဲ့ထံက ပြောပါတယ်။

မေလ၁၀ ရက် ဒီနေ့ နေ့လည် ၁၂နာရီထိုးခါနီးမှာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ စက်တပ်လေထီးနဲ့ မနက်ဖြန်မှာ အလှူလုပ်မယ့် နေအိမ်ကို ဗုံးလာကြဲတာလို့သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုမှာ အသက်၃၀အရွယ် အလှူ့ဒါယိကာ၊သားဖြစ်သူ အသက်၁၂နှစ်အရွယ် မောင်ရှင်‌လောင်းနဲ့ နောက်ထပ်အသက်၃၀အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တာလို့ BLDF တပ်ခွဲအညာမိုင်း တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အလှူက အကြီးအကျယ်မဟုတ်ဘူးဗျ။ဒီအတိုင်းကန်တော့ပွဲနဲ့ပဲ ဘုန်းကြီးကျောင်းပို့လုပ်မှာ။၃ယောက် ထိတယ်။တယောက်ကတော့ ခေါင်းပြတ်သွားတယ်လို့ သိရတယ်။အလှူ့ဒါယိကာမက ဈေးဝယ်သွားချိန်မို့ လွတ်သွားတာ”လို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒါ့အပြင် မနက်ဖြန် နားထွင်းမယ့် အသက်၅နှစ် အရွယ် မိန်းကလေးအပါအဝင် ၃ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ရှင်ပြုနားသအလှူပွဲကို ကျေးရွာဘုန်း‌တော်ကြီးကျောင်းမှာ ပြုလုပ်ဖို့ စီစဉ်နေစဉ် အလှူအဝင်နေ့မှာ အလှူရှင်​ရဲ့နေအိမ်ရှေ့ကို ဗုံးကြဲချတာလို့ ဒေသခံသတင်းရင်းမြစ်အချို့က အတည်ပြုပါတယ်။

“ချောင်းဦးရဲ့ အနောက်တောင်ဘက်ခြမ်းကို ကြဲခံရတာ။ဘာစစ်ရေးလှုပ်ရှားမှုမှမရှိဘူး။ဒီအတိုင်း ကြဲခံရတာ”လို့ ချောင်းဦး ပကဖမှတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၆ရက်ကလည်း ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို စစ်ကောင်စီက စက် တပ် လေထီးနဲ့ ဗုံးလေးလုံးကြဲခဲ့ရာမှာ မောင်နှမသုံးဦး သေဆုံးခဲ့ရပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ကိုင်း၊မန္တလေးတိုင်းအတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်နေတာ ဖြစ်ပြီး ဒီနေ့ နေ့လည်ပိုင်းမှာ မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်ကိုလည်း လေကြောင်းတိုက်ခဲ့ရာ ပြည်သူ ၄ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ရှဲဆန်သတ္တုကုမ္မဏီကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်း တိုက်ခိုက်ခဲ့၍ ကုမ္ပဏီရှိ စက်ပစ္စည်းများပျက်စီးဆုံးရှုံးခဲ့ဟု TNLA က သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်က ကန်ဆင့်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူလေးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် လိပ်ကျရွာကို မနေ့ညပိုင်းက စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၄လုံးပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

သတင်း

စဉ့်ကူးမြို့နယ်ကိုလည်း နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်

Facebook