Connect with us

Hi, what are you looking for?

သတင်း

ရှင်ပြုမယ့်အလှူအိမ်ဗုံးကြဲခံရပြီး အလှူ့ဒါယိကာနဲ့မောင်ရှင်လောင်းအပါအဝင် သုံးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊အနိမ့်ကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ မနက်ဖြန်အလှူမှာ ရှင်ပြုမယ့် မောင်ရှင်လောင်းနဲ့ အလှူ့ဒါယိကာအပါအဝင် ၃ဦး သေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ BLDF တပ်ခွဲအညာမိုင်း တပ်ဖွဲ့ထံက ပြောပါတယ်။

ချောင်းဦးမြို့နယ်၊အနိမ့်ကျေးရွာက အလှူနေအိမ်ဗုံးကြဲခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CRN

မေ ၁၀၊၂၀၂၅။မေ၊ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊အနိမ့်ကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ မနက်ဖြန်အလှူမှာ ရှင်ပြုမယ့် မောင်ရှင်လောင်းနဲ့ အလှူ့ဒါယိကာအပါအဝင် ၃ဦး သေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ BLDF တပ်ခွဲအညာမိုင်း တပ်ဖွဲ့ထံက ပြောပါတယ်။

မေလ၁၀ ရက် ဒီနေ့ နေ့လည် ၁၂နာရီထိုးခါနီးမှာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ စက်တပ်လေထီးနဲ့ မနက်ဖြန်မှာ အလှူလုပ်မယ့် နေအိမ်ကို ဗုံးလာကြဲတာလို့သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုမှာ အသက်၃၀အရွယ် အလှူ့ဒါယိကာ၊သားဖြစ်သူ အသက်၁၂နှစ်အရွယ် မောင်ရှင်‌လောင်းနဲ့ နောက်ထပ်အသက်၃၀အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တာလို့ BLDF တပ်ခွဲအညာမိုင်း တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အလှူက အကြီးအကျယ်မဟုတ်ဘူးဗျ။ဒီအတိုင်းကန်တော့ပွဲနဲ့ပဲ ဘုန်းကြီးကျောင်းပို့လုပ်မှာ။၃ယောက် ထိတယ်။တယောက်ကတော့ ခေါင်းပြတ်သွားတယ်လို့ သိရတယ်။အလှူ့ဒါယိကာမက ဈေးဝယ်သွားချိန်မို့ လွတ်သွားတာ”လို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒါ့အပြင် မနက်ဖြန် နားထွင်းမယ့် အသက်၅နှစ် အရွယ် မိန်းကလေးအပါအဝင် ၃ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ရှင်ပြုနားသအလှူပွဲကို ကျေးရွာဘုန်း‌တော်ကြီးကျောင်းမှာ ပြုလုပ်ဖို့ စီစဉ်နေစဉ် အလှူအဝင်နေ့မှာ အလှူရှင်​ရဲ့နေအိမ်ရှေ့ကို ဗုံးကြဲချတာလို့ ဒေသခံသတင်းရင်းမြစ်အချို့က အတည်ပြုပါတယ်။

“ချောင်းဦးရဲ့ အနောက်တောင်ဘက်ခြမ်းကို ကြဲခံရတာ။ဘာစစ်ရေးလှုပ်ရှားမှုမှမရှိဘူး။ဒီအတိုင်း ကြဲခံရတာ”လို့ ချောင်းဦး ပကဖမှတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၆ရက်ကလည်း ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို စစ်ကောင်စီက စက် တပ် လေထီးနဲ့ ဗုံးလေးလုံးကြဲခဲ့ရာမှာ မောင်နှမသုံးဦး သေဆုံးခဲ့ရပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ကိုင်း၊မန္တလေးတိုင်းအတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်နေတာ ဖြစ်ပြီး ဒီနေ့ နေ့လည်ပိုင်းမှာ မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်ကိုလည်း လေကြောင်းတိုက်ခဲ့ရာ ပြည်သူ ၄ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook