Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ရှုတ်ချကြောင်း တောင်ကိုရီးယားရောက် မြန်မာများ ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ မြောင်းဒုံစျေး၌ အဆိုပါနိုင်ငံရောက်မြန်မာအချို့က စစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက်နေမှုအပေါ် ရှုတ်ချသည့်ဆန္ဒပြမှုကို ယနေ့ (မေလ ၁၆) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - MyingyanG-ZGroup

မေ ၁၆၊၂၀၂၅။ သုည/People’s Spring

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ မြောင်းဒုံစျေး၌ အဆိုပါနိုင်ငံရောက်မြန်မာအချို့က စစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက်နေမှုအပေါ် ရှုတ်ချသည့်ဆန္ဒပြမှုကို ယနေ့ (မေလ ၁၆) ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို တောင်ကိုရီးယားနိုင်ငံရှိ မြင်းခြံ GZအဖွဲ့၊ Myanmar Youth Activists ၊ ဗိုလ်သံချောင်းထောက်ပို့အဖွဲ့မှ ဦးဆောင်ပြီး Yaw-Funding-ကိုရီးယား၊ ကြောက်ခေတ်ကိုမှောက်ပြစ်မယ် ညီနောင်များ၊ အသောကသုခအဖွဲ့-ဂူမိီအဖှဲ့၊ လင်းထက်အောင်(ပြည်သူ့ရင်ခွင်)နှင့် ကျောင်းသား၊လူငယ်တော်လှန်ပြည်သူများ လာရောက်ပူးပေါင်းခဲ့ကြသည်။

ဆန္ဒပြသူများက လတ်တလောတွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲသတ်ဖြတ်သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာစာသင်ကျောင်း ပညာသင်ကြားနေသည့်ကလေးငယ်များအား သတ်ဖြတ်မှု၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာနေပြည်သူနေအိမ်နှင့် ကလေးငယ်များအား လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်မှု၊ ဗန်းမော်တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့်ရဲဘော်များ၊ မြင်းခြံခရိုင်အတွင်းကျဆုံးခဲ့သည့်ရဲဘော်များအား လူမဆန်စွာသတ်ဖြတ်မှုစသည့် အကြမ်းဖက် စစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက် နေမှုအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီး​ထောင်ချတာခံ​နေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။