Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမြို့နယ်၊ ရေရှင်ရွာကိုစစ်ကောင်စီ ဗုံးကြဲ

ဂန့်ဂေါမြို့မြောက်ပိုင်းရေရှင်ရွာကိုစစ်ကောင်စီက ယနေ့(မေလ ၂၀ရက်)နံနက်ပိုင်း၌ ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲသွားသည်။

​မေ-၂၀၊၂၀၂၅။ကဖေး/People’s Spring

ဂန့်ဂေါမြို့မြောက်ပိုင်းရေရှင်ရွာကိုစစ်ကောင်စီက ယနေ့(မေလ ၂၀ရက်)နံနက်ပိုင်း၌ ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲသွားသည်။

နံနက် ၉နာရီ မိနစ် ၂၀ ခန့်တွင် ဗုံးကြဲခြင်းဖြစ်ပြီး ဒေသခံများ ထိခိုက်မှုရှိသည်ဟု ကနဦးသတင်းရရှိထားကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

“ရေရှင်ကိုကြဲသွားတာပါ။ ကျနော်တို့နဲ့ ဝေးတယ်။ ဒေသခံတွေထိတယ်ကြားတယ်။ ‌ကြိုးစားဆက်သွယ်မေးနေတုန်းပဲ”ဟု ဂန့်ဂေါမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဂန့်ဂေါမြို့အပါအဝင်ယောဒေသတွင်ရွေးကောက်ပွဲပြုလုပ်‌နိုင်ရေးအတွက် လေကြောင်းအင်အားသုံး၍ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေပြီး ဒေသခံပြည်သူများ လေကြောင်းအန္တရာယ်နှင့် လုံခြုံရေးအန္တရာယ်သတိပြုရန် ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က သတိပေးထားသည်။

မေလ ၁၄ ရက်ညကလည်း ဂန့်ဂေါမြို့နယ်လာပို့ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့သည်။ ကျောင်းဆောင်ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများထံမှသတင်းရရှိသည်။

ထို့အပြင်မတ်လ၂၂ရက်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ နှမ်းခါးကျေးရွာဆေးခန်းကို ဗုံးကြဲခဲ့သဖြင့် CDM ဆရာဝန် ဒေါက်တာမြစိုးအောင်နှင့် ကိုယ်ဝန်ဆောင် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေ၊ သားဖြစ်သူတို့အပါအဝင်ဒေသခံ ၁၁ ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။

လက်ရှိတွင်လည်း ဂန့်ဂေါမြို့ပေါ်ရှိ ခြေလျင်တပ်ရင်း ခလရ(၅၀)မှ စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာအချို့ကိုစစ်ကြောင်းထိုးနေသည်။ မေလ၁၂ ရက်က မြို့အရှေ့တောင်ဘက်ရှိ လယ်မရွာကို စီးနင်းဝင်ရောက်ပြီးနောက်အသက် ၆နှစ်အရွယ် ကလေးငယ်အပါအဝင်အရပ်သား ၁၁ဦးကို သတ်ဖြတ်သွားကာ ၁၁ဦးဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသမီးအချို့ပါဝင်ပြီး မေလ၂၀ ရက်​အထိအဆက်အသွယ်မရရှိသေးကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မှာ ချင်းဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ CDF-KKG ရဲ့ ရဲဘော် ၂ဦးနဲ့ အရပ်သား ၁ဦး လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း ၊ယောဒေသ၊ဂန့်ဂေါမြို့နယ် လယ်မရွာကို စစ်ကြောင်းထိုးပြီး ပြည်သူတွေကို အစုလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်တပ် စစ်ကြောင်းမှာ လိုက်ပါခဲ့တဲ့ ပျူစောထီးတဦးကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တဖွဲ့က ဖမ်းမိခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ဂန့်ဂေါမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook