Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းမှာပစ်ခတ်မှုဖြစ်ကားအစီးရေ ရာချီပိတ်မိနေ

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားနေလို့ ကားအစီးရေရာချီ ပိတ်မိနေကြောင်း ဒေသခံများက ပြောပါတယ်။

ပြီးခဲ့သည့်နှစ်အတွင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွားနေ၍ ကားများရပ်တန့်စောင့်ဆိုင်းနေရစဥ်။ ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားနေလို့ ကားအစီးရေရာချီ ပိတ်မိနေကြောင်း ဒေသခံများက ပြောပါတယ်။

စစ်ကိုင်းမြို့နယ်အတွင်းက မုံရွာ-မန္တလေးလမ်းပိုင်းတနေရာမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေလို့ ကံတလူတိုးဂိတ်မှာ မန္တလေးဘက်က ပြန်လာတဲ့ကားတွေ ရာချီပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့ လမ်းက အခြေအနေမကောင်းဘူး။ ပစ်ခတ်မှုဖြစ်ထားလို့ ဖြတ်သွားလို့မရသေးဘူး။”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကားတွေကို အစီးရေအနည်းငယ်စီ ခွဲလွှတ်ပေးနေပြီး နေ့လယ်ပိုင်းအထိ ယာဥ်ကြောတွေပိတ်နေတယ်လို့ သွားလာနေသူတချို့က ပြောပြပါတယ်။

တိုက်ပွဲအခြေအနေမသိရသေးပေမဲ့မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က ထွက်လာတဲ့ စစ်ကောင်စီယာဥ် (၈)စီးဟာ ဒီကနေ့မနက် ဆယ်နာရီလောက်မှာ စစ်ကိုင်း တပ်မ(၃၃)ထဲ ဝင်ရောက်သွားတယ်လို့ မြေပြင်ကင်းထောက်တွေဆီက သိရပါတယ်။

မုံရွာ-မန္တလေးလမ်းမကြီးပေါ် စစ်ကောင်စီယာဥ်တွေဖြတ်သန်းသွားတိုင်း လမ်းပိုင်းနေရာအချို့မှာ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ အသေခံ ကားဗုံးခွဲမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။