Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းမှာပစ်ခတ်မှုဖြစ်ကားအစီးရေ ရာချီပိတ်မိနေ

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားနေလို့ ကားအစီးရေရာချီ ပိတ်မိနေကြောင်း ဒေသခံများက ပြောပါတယ်။

ပြီးခဲ့သည့်နှစ်အတွင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွားနေ၍ ကားများရပ်တန့်စောင့်ဆိုင်းနေရစဥ်။ ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားနေလို့ ကားအစီးရေရာချီ ပိတ်မိနေကြောင်း ဒေသခံများက ပြောပါတယ်။

စစ်ကိုင်းမြို့နယ်အတွင်းက မုံရွာ-မန္တလေးလမ်းပိုင်းတနေရာမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေလို့ ကံတလူတိုးဂိတ်မှာ မန္တလေးဘက်က ပြန်လာတဲ့ကားတွေ ရာချီပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့ လမ်းက အခြေအနေမကောင်းဘူး။ ပစ်ခတ်မှုဖြစ်ထားလို့ ဖြတ်သွားလို့မရသေးဘူး။”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကားတွေကို အစီးရေအနည်းငယ်စီ ခွဲလွှတ်ပေးနေပြီး နေ့လယ်ပိုင်းအထိ ယာဥ်ကြောတွေပိတ်နေတယ်လို့ သွားလာနေသူတချို့က ပြောပြပါတယ်။

တိုက်ပွဲအခြေအနေမသိရသေးပေမဲ့မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က ထွက်လာတဲ့ စစ်ကောင်စီယာဥ် (၈)စီးဟာ ဒီကနေ့မနက် ဆယ်နာရီလောက်မှာ စစ်ကိုင်း တပ်မ(၃၃)ထဲ ဝင်ရောက်သွားတယ်လို့ မြေပြင်ကင်းထောက်တွေဆီက သိရပါတယ်။

မုံရွာ-မန္တလေးလမ်းမကြီးပေါ် စစ်ကောင်စီယာဥ်တွေဖြတ်သန်းသွားတိုင်း လမ်းပိုင်းနေရာအချို့မှာ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဩစတြီးယား နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုကြောင့် အသေအပျောက်ဟာ သေနတ်သမား အပါအဝင် ၁၁ ဦးထိ တိုးပွားလာခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဩစတြီးယား နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး သေနတ်သမား အပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အပေါ်ပိုင်း ဗလာကျင်းလျက်နဲ့ သေနတ်ကိုင်ပြီး ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့တဲ့ စိတ်မူမမှန်သူ တစ်ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။