Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံခြားသားတွေဘဏ်အကောင့်သစ်ဖွင့်ခွင့် နဲ့ ပတ်သက်ပြီး ဘန်ကောက်ဘဏ် စည်းမျဉ်းတွေ တင်းကျပ်

နိုင်ငံခြားသားတွေကဘဏ်အကောင့်ဖွင့်မှုနဲ့ ပတ်သက်ပြီး စည်းမျဉ်းတွေကို ပိုမိုတင်းကျပ်သွားမယ်လို့ ထိုင်းနိုင်ငံရဲ့ဘန်ကောက်ဘဏ်က အတည်ပြုပါတယ်။

​မေ-၃၀၊၂၀၂၅။People’s Spring

နိုင်ငံခြားသားတွေကဘဏ်အကောင့်ဖွင့်မှုနဲ့ ပတ်သက်ပြီး စည်းမျဉ်းတွေကို ပိုမိုတင်းကျပ်သွားမယ်လို့ ထိုင်းနိုင်ငံရဲ့ဘန်ကောက်ဘဏ်က အတည်ပြုပါတယ်။

ဘန်ကောက်ဘဏ်က ပြောင်းလဲသတ်မှတ်မယ့်မူဝါဒ တွေဟာကမ္ဘာလှည့်ခရီးသွားနိုင်ငံခြားသား ဖောက်သည်တွေအပေါ် အဓိက သက်ရောက်မှု ရှိလာနိုင်ပါတယ်။

ဘန်ကောက်ဘဏ်ဟာအလည်အပတ်ဗီဇာနဲ့ထိုင်းကို ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေကို အကောင့်ဖွင့်ခွင့် ပေးတောမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အကြောင်းကတော့ နိုင်ငံခြားသား ဘဏ်အကောင့်တွေကို အသုံးပြုပြီး ငွေကြေးလိမ်လည်မှု ပြဿနာတွေ တိုးပွားလာနေတာကြောင့်လို့ ဘန်ကောက်ဘဏ် တာဝန်ရှိသူတွေက ဆ်ုပါတယ်။

Public Service Announcement

Public Service Announcement

မူဝါဒအပြောင်းအလဲအသစ်အရဘဏ်အကောင့် ဖွင့်ချင်တဲ့နိုင်ငံခြားသားတွေဟာထိုင်းနိုင်ငံမှာ ရေရှည် နေထိုင်တဲ့ ဗီဇာ တစ်မျိုးမျိုး ကိုင်ဆောင်ထားသူ ဖြစ်ရမယ်လို့ ဆိုပါတယ်။ဘဏ်ရဲ့စည်းမျဉ်းတွေတင်းကျပ်လိုက်တာဟာ ထိုင်းအစိုးရက ဆိုက်ဘာရာဇဝတ်မှုနဲ့ငွေလိမ်မှုတွေတိုက်ဖျက်ရေးအတွက် အားထုတ် လုပ်ဆောင်နေမှုတွေနဲ့လည်း လိုက်လျောညီထွေ ရှိတယ်လို့ ဘန်ကောက်ဘဏ်က ထုတ်ပြန်ထားပါတယ်။

မူဝါဒအပြောင်းအလဲမှာရှိရင်းစွဲနိုင်ငံခြားသား ဖောက်သည်တွေကိုလည်း အနည်းအကျဉ်း သက်ရောက်မှု ရှိနိုင်ပြီး ငွေလွှဲတဲ့ကိစ္စတွေမှာ အခက်တွေ့တဲ့ နိုင်ငံခြားသား ဖောက်သည်တွေ အနေနဲ့ ဘဏ်ကို ဆက်သွယ်ပေးကြဖို့လည်း ဘန်ကောက်ဘဏ်က တိုက်တွန်းထားပါတယ်။

ဘန်ကောက်လူ့အဖွဲ့အစည်း ကူညီရေး ဖောင်ဒေးရှင်းရဲ့ Facebookစာမျက်နှာမှာ ဖော်ပြထားမှုအရ ဘန်ကောက်ဘဏ်ဟာ အသစ်သတ်မှတ်လိုက်တဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီမှု မရှိတော့တဲ့ ရုရှားနိုင်ငံသား တချို့ရဲ့ ဘဏ်အကောင့်တွေနဲ့ ကတ်အသုံးပြုခွင့်တွေကို စတင်ပိတ်ပင်နေကြောင်း သိရပါတယ်။

ဒါပေမဲ့ ဘဏ်ရဲ့ တာဝန်ရှိသူ တစ်ယောက်ကတော့ အကောင့်တွေကို ပိတ်သိမ်းနေတယ် ဆိုတဲ့အပေါ် တိတိကျကျ အတည်ပြုဖို့ ငြင်းဆိုပြီး တချို့ကိစ္စတွေမှာ ဖောက်သည်ကဘဏ်နဲ့ဆက်သွယ်ဖြေရှင်းဖို့ လိုအပ်နေတာသာ ဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။

ရုရှားလူမှုကွန်ရက်သုံးစွဲသူတချို့ကလည်း သူတို့ရဲ့ ဘန်ကောက်ဘဏ်မှာ ဖွင့်ထားတဲ့သူတို့ရဲ့အကောင့်တွေကို ချိတ်ဆက် အသုံးပြုလို့ မရတော့ဘဲ ဖြစ်နေကြောင်း မျှဝေ ရေးသားနေကြပါတယ်။

ဘန်ကောက်ဘဏ်က တင်းကျပ်လိုက်တဲ့စည်းမျဉ်းတွေအရ ဘဏ်အကောင့်အသစ်ဖွင့်တဲ့ နိုင်ငံခြားသားတွေဟာ ထိုင်းမှာ ရေရှည်နေထိုင်ခွင့် ဗီဇာရထားသူတွေ၊ ထိုင်းနိုင်ငံသားနဲ့ လက်ထပ်ထားသူတွေ၊ ထိုင်းမှာ ကိုယ်ပိုင်အိုးအိမ်ရှိသူတွေ ဖြစ်ဖို့ လိုအပ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံမှာ ငွေစုအကောင့် ဖွင့်လှစ်မှုနဲ့ ပတ်သက်ပြီး ထိုင်းဘဏ်တွေ အနေနဲ့ ကိုယ်ရေးအချက်အလက်နဲ့ စာရွက်စာတမ်း စစ်ဆေးမှုတွေကို ပိုမိုတင်းကျပ်စေမယ့်စည်းမျဉ်းတွေ သတ်မှတ်ပြဋ္ဌာန်းသင့်ကြောင်းတိုက်တွန်းတောင်းဆိုထားခဲ့ပါတယ်။

ကိုးကား- Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ငွေအလွှဲ၊ အထုတ်တွေအတွက် အားကိုးစရာ ဘဏ်မရှိတော့တဲ့ ရခိုင်ပြည်နယ်မှာ ပုဂ္ဂလိက ငွေလွှဲ၊ ငွေထုတ်လုပ်နေသူတွေရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရပြီးနောက် ငွေလွှဲ၊ငွေထုတ်ခ နှုန်းထားဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

ဆောင်းပါး

မုံရွာမြို့နယ်မှာ ကျွတ်ကျွတ်မြည်အောင်ပူနေတဲ့ နွေနေ့လယ်ခင်းရဲ့အပူရှိန်ကိုတောင် မမှုနိုင်ဘဲ ဆိုက်တွဲတစ်စီးပေါ်မှာ လူတွေအစုလိုက် အပြုံလိုက် တက်စီးပြီး လိုက်ပါလာကြတယ်။ ဆိုက်တွဲပေါ်က လူတွေရဲ့လက်ထဲမှာလည်း မှတ်ပုံတင်နဲ့ ဖုန်းကိုယ်စီ ကိုင်ဆောင်ထားကြတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။