Connect with us

Hi, what are you looking for?

သတင်း

ဝက်လူးရွာ တဝိုက်က ဒေသခံ ၄၀ ထက်မနည်းကို စစ်ကောင်စီတပ်ဖမ်းဆီးထား

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ထဲက ဝက်လူးကျေးရွာအပါအဝင် အနီးတဝိုက်ရွာတွေ က ဒေသခံ ဦးရေ ၄၀ ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတ​ယ်လို့ ဒေသတွင်းတော်လှန်ရေးရင်းမြစ်အချို့ဆီကသိရပါတယ်။

နွားထိုးကြီးမြို့ ရဲ့အရှေ့မြောက်ဘက်မှာ ဝက်လူးရွာတည်ရှိပါတယ်။ (ဓာတ်ပုံ - Google Earth)

မေ – ၃၁ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ထဲက ဝက်လူးကျေးရွာအပါအဝင် အနီးတဝိုက်ရွာတွေ က ဒေသခံ ဦးရေ ၄၀ ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတ​ယ်လို့ ဒေသတွင်းတော်လှန်ရေးရင်းမြစ်အချို့ဆီကသိရပါတယ်။

ဝက်လူးရွာတဝိုက်ကို လွန်ခဲ့တဲ့ ၃ ရက်ခန့် ကစတင်စစ်ကြောင်းထိုးပြီး ဒေသခံတွေကို ဝက်လူးရွာ ရဲစခန်းထဲမှာ ဖမ်းဆီးထားတာပါ။

ဖမ်းဆီးခံရသူတွေထဲက ၅ ဦး ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမေလ ၂၉ ရက်က ပြန်လည်လွတ်မြောက်လာတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“သူတို့လည်းလွတ်ရာကိုပြေးရပြီ၊ ကျန်တဲ့သူတွေကတော့ အခုထိရဲစခန်းထဲမှာရှိတုန်းပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ် ဖမ်းဆီးသွားသူတွေထဲက သတ်ဖြတ်ခံရသူတွေလည်းရှိပြီး ၄ ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်ရရှိခဲ့ ပေမယ့် နာရေးကိုလည်း တိတ်တဆိတ် ပြုလုပ်ခဲ့ရတယ်လို့သိရပါတယ်။

ဒါပေမယ့် ဝက်လူးရွာထဲမှာ စစ်ကောင်စီစစ်ကြောင်း ရှိနေဆဲဖြစ်တာကြောင့် ရွာထဲကိုပြန်လည် မဝင်ရောက်နိုင်တဲ့အတွက် သတ်ဖြတ်ခံရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုမသိရသေးဘူးလို့ သတင်းရင်းမြစ်က ဆိုပါတယ်။

မေလ ၁၅ ရက်ကစတင်ပြီး မြင်းခြံခရိုင် ထဲက မြင်းခြံ ၊ နွားထိုးကြီး ၊တောင်သာမြို့နယ်တွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲရာ နေရာတွေကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ၉/အညာမြေ အမည်နဲ့ စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့တာပါ။

အဲဒီစစ်ဆင်ရေးမှာ နွားထိုးကြီးမြို့နယ် က ဝက်လူးရွာ ရဲစခန်းကို တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူကို အလွန်အကျွံ အသုံးပြုခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးရင်းမြစ်က ဆိုပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်အချို့မှာလည်း ဝက်လူးရဲစခန်းမကျ ဖို့ လေကြောင်းကနေ အဆက်မပြတ်ဗုံးကြဲခဲ့တယ်လို့ ရေးသားဖြန့်ဝေခဲ့ကြပါတယ်။

ဝက်လူရဲစခန်းတိုက်ပွဲနဲ့ စစ်ကောင်စီလေတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဝက်လူး ၊ ပဲချက် ၊ ဂွေးပင်တော ၊ ထန်းခွ ၊ ထန်းစင်၊ နဘဲမြစ်စတဲ့ ရွာတွေက ဒေသခံ ပြည်သူ ၇,၀၀၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးခဲ့ကြရပါတယ်။

မတိမ်းရှောင်နိုင်ဘဲ ရွာမှာ ကျန်ခဲ့တဲ့သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့လည်းသိရပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းမှာတည်ရှိပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာ ဖိုခနောင့်သဖွယ် ရှိနေတဲ့ တောင်သာ ၊ နွားထိုးကြီးနဲ့ မြင်းခြံမြို့နယ်တို့ဟာ အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်စွဲကိုင်တော်လှန်မှု အားကောင်းရာဒေသဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ရဲစခန်းဟာ ဝက်လူးရွာ(အနောက်) မှာရှိတာဖြစ်ပြီး ၂၀၁၈ ခုနှစ် ၊ထွေအုပ်ရဲ့ စာရင်းတွေအရ ဝက်လူအနောက်တစ်ရွာတည်းမှာတင် လူဦးရေ ၁,၇၀၀ ကျော်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook