ဇွန်-၂၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၂)မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ လူထုသပိတ်ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ “Vote ILO Article 33 to save LIVES” စာသားကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီအား အရေးယူနိုင်ရေး အတွက် “လူ့အသက်တွေကယ်တင်ဖို့ ILO Article 33 ကို မဲပေးပါ” လို့လည်း တောင်းဆိုခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းဟာ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ဒီနေ့ညနေမှာ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းမှာ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြီး ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ရုပ်ထုရှိရာကို သွားရောက်ဂါရဝပြုခြင်း ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဂါရဝပြုတဲ့ အစီအစဥ်မှာ လွမ်းသူပန်းခွေချခြင်း၊ ဗိုလ်မှူးကြီးဗထူးအား အလေးပြုခြင်း၊ ဗိုလ်မှူးကြီး ဗထူးအပါအဝင် မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ၊ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲတို့အတွင်း အသက်ပေးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကိုလည်း အောက်မေ့ဂုဏ်ပြုသောအားဖြင့် တစ်မိနစ်ငြိမ်သက်ခြင်း လုပ်ဆောင်ခဲ့ပါတယ်။
























































