Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာလူ ၁၀ ​ယောက်မှာ ၄ ​ယောက်​ကျော်ကဆင်းရဲနွမ်းပါ​နေတယ်လို့ UNDP စစ်တမ်း​ဖော်ပြ

ရန်ကုန်မြို့ရဲ့လူဦးရေ ၁၀ ယောက်မှာလေးယောက်​ကျော်က ဆင်းရဲနွမ်းပါးနေတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDPရဲ့စစ်တမ်းသစ်ကပြောပါတယ်။

■၇နှစ်အတွင်းဆင်းရဲနွမ်းပါးသူသုံးဆ​ကျော်​တိုးလာ

ဇွန်-၄၊၂၀၂၅။ရဲခေါင်/People’s Spring

ရန်ကုန်မြို့ရဲ့လူဦးရေ ၁၀ ယောက်မှာလေးယောက်​ကျော်က ဆင်းရဲနွမ်းပါးနေတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP ရဲ့စစ်တမ်းသစ်ကပြောပါတယ်။

မနေ့က (ဇွန်လ ၃ ရက်) UNDP ထုတ်ပြန်တဲ့ ရန်ကုန်မြို့ပြဆင်းရဲမှု စစ်တမ်းတွေအရ လွန်ခဲ့တဲ့
၇ နှစ်(၂၀၁၇)က ရန်ကုန်မြို့လူဦးရေ ၁၀ ရာခိုင်နှုန်းက ဆင်းရဲနေသူတွေ ဖြစ်ပြီး ၂၀၂၃ ခုနှစ် အရောက်မှာ​တော့ ၄၃ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ​ဖော်ပြထားပါတယ်။ဒါ​ကြောင့်ဆင်းရဲနွမ်းပါမှုနှုန်းက ၈ နှစ် အတွင်းမှာ သုံးဆ​ကျော်​တောင်တိုးလာတာဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့ရဲ့ စုစုပေါင်းမြို့ပြလူဦးရေ ခန့်မှန်းခြေ ၆ ဒသမ၂ သန်းရှိတာမှာ၂ ဒသမ ၇ သန်းခန့်က ဆင်းရဲတွင်းနက်နေရပြီးတော့ ယခင်ကတည်းက ဆင်းရဲသူတွေကလည်း ပိုဆိုးရွားတဲ့ အဆင်မပြေမှုတွေ ရှိလာတယ်လို့ ဖော်ပြပါတယ်။

“တစ်နေ့တစ်နေ့ ထမင်းစားရဖို့အရေးဘယ်လိုချက်ရမလဲပဲ ခေါင်းထဲ ရှိတော့တာ။စစ်တပ်အာဏာမသိမ်းခင်က ဟင်းနှစ်ခွက် ချက်နိုင်ခဲ့တာ။အခုတော့ ဟင်းတစ်ခွက်ကိုမနက် ၊ညကျန်အောင် ခွဲစားနေရတယ်။အပိုဝင်ငွေမပြောနဲ့ နေမကောင်းဖြစ်ရင်
တောင် အလ ကားကုပေးတာ နဲ့စျေးသက်သာတဲ့ဆေးခန်း ရွေးနေရတယ်”ဟု ရန်ကုန်မြို့ရှိ အိမ်ရှင်
မတစ်ဦးကလည်း စီးပွားရေးကြပ်တည်းနေမှုကို လူထုနွေဦးကို ရှင်းပြပါတယ်။

မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့နဲ့ စီးပွားရေးအချက် အချာကျတဲ့ ရန်ကုန် မြို့ပြ ဆင်းရဲမွဲတေမှုက မကြုံစဖူးတိုးမြင့်လာတဲ့ စီးပွားရေးပြိုလဲမှု နဲ့ ပဋိ
ပက္ခတွေကြောင့် လို့ UNDP က သုံးသပ်ပါတယ်။

ကမ္ဘာ့ဘဏ်က ဆင်းရဲနွမ်းပါးမှုကို သတ်မှတ်တဲ့အခါမှာ လူတစ်​ယောက်ဟာ ၁ ရက်ကို အ​မေရီကန်​ဒေါ်လာ ၂ .၁၅ ​အောက်သာရပါက ဆင်းရဲနွှမ်းပါးတယ်လို့သတ်မှတ်ပါတယ် ။အ​မေရီကန် ၁ ​ဒေါ်လာကို ၄၄၀၀ နဲ့တွက်မယ်ဆိုရင် ၁ ရက်ကို ဝင်​ငွေ အကြမ်းဖျင်း ၉၄၆၀ ကျပ်ထက်နည်းရင်၊ တစ်လကို အကြမ်းဖျင်း ဝင်​ငွေ ၂၈၃,၈၀၀ကျပ် ထက်နည်းရင်း ဆင်းရဲနွှမ်းပါးသူလို့သတ်မှတ်တာဖြစ်ပါတယ် ။

ရန်ကုန်မြို့ပြလူဦးရေ ၄,၈၀၀ ရဲ့ ဖြေဆိုချက်တွေနဲ့ စစ်တမ်းကိုအခြေခံထားပြီး စီးပွားရေးကျဆင်းတာ၊ နိုင်ငံရေးမတည်မငြိမ်ဖြစ်တာ၊ နေရာရွှေ့
ပြောင်းတာ နဲ့ မြို့ပြ လူနေမှုစနစ်တွေကို စာရင်းကောက်ယူထားတယ်လို့ UNDP က ပြောပါတယ်။

စစ်တမ်းပါဖော်ပြချက်တွေအရ လှိုင်သာယာ၊ရွှေပြည်သာ၊အင်းစိန်၊မင်္ဂလာဒုံ ၊မြောက်ဥက္ကလာပ၊တောင်ဒဂုံ၊မြောက်ဒဂုံ၊အရှေ့ဒဂုံ၊ဒဂုံဆိပ်ကမ်း၊သန်လျင်၊ဒလ နဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်တွေက ပြည်သူတွေရဲ့ ပြောဆိုချက်တွေလို့လည်း ဆိုပါတယ်။

UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ကနယူးယောက်မှာအခြေစိုက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေကို အကူညီပေးဖို့ရည်ရွယ်တဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် အောက်စဖို့ဒ် နွမ်းပါးမှု နှင့် လူသားဖွံ့ဖြိုးတိုးတက်မှု အစအဦး တီထွင်လုပ်ဆောင်မှု (OPHI) တို့ပူးပေါင်းထုတ်ပြန်ခဲ့သည့် ဘက်စုံနွမ်းပါးမှုညွှန်းကိန်း (Multidimensional Poverty Index) အရ မြန်မာနိုင်ငံရှိလူဦးရေ၏ သုံးပုံတပုံ (၃၈.၃ ရာခိုင်နှုန်း)သည် ဆင်းရဲမွဲတေနေကြပါသည်။

ဆောင်းပါး

ကြက်ဥနဲ့ ငါးခြောက်ဟင်းပါတာကို ဟင်းကောင်းလို့ သတ်မှတ်နေရတဲ့ မိသားစုတွေ ဘယ်လောက်တောင်များနေသလဲတော့မသိ၊ ဒါပေမဲ့အညာဟာ အရာရာရှားပါးတဲ့ အရပ်ဖြစ်တာမို့ ထမင်းအနပ်တိုင်း အသား၊ငါး ပါဖို့ဆိုတာတော့ မလွယ်ကူပါဘူး။

သတင်း

ရဲနဲ့ တရားရုံးတွေက အကာအကွယ်ပေးနိုင်တဲ့အဖွဲ့အစည်းမဟုတ်ဘဲ အမြတ်ထုတ်၊ထိခိုက်နိုင်တဲ့အဖွဲ့တွေလို့ လူငယ်တွေရှုမြင်လာ

သတင်း

ရခိုင်ပြည်နယ်ထဲမှာ ပြည်သူ ၂ သန်းလောက်ဟာ လာမယ့် လပိုင်းတွေအတွင်း ငတ်မွတ်မှု အန္တရာယ်ကြီး ကျရောက်လာမယ့် ခြိမ်းခြောက်မှု ကြီးကြီးမားမား ရှိနေတယ်လို့ ကုလသမဂ္ဂ ထိပ်တန်း အရာရှိ တစ်ဦးက သတိပေးခဲ့ပါတယ်။