Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော် ဒကစမှ ကွန်မန်ဒိုစစ်ကြောင်းတစ်ခုလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့ဟု KNDF တပ်ရင်း-၁၄ ပြော

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှ ကွန်မန်ဒို စစ်ကြောင်းတစ်ခုလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၁၄ မှ ရဲဘော်အချို့က ပြောသည်။

စစ်ကောင်စီ ကွန်မန်ဒိုစစ်ကြောင်းထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - Min Gyi/FB

ဇွန်-၇၊ ၂၀၂၅။ ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှ ကွန်မန်ဒို စစ်ကြောင်းတစ်ခုလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၁၄ မှ ရဲဘော်အချို့က ပြောသည်။

ဇွန်လ ၃ ရက် နံနက် ၅ နာရီခန့် တွင် လွိုင်ကော်မြို့နယ်၊ သပြေကုန်းရွာဘုန်းကြီးကျောင်း၀န်းအတွင်း အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ကနဦး တိုက်ခိုက်ခဲ့​သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်စွဲထားသော စခန်းအား တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ ဒကစ မှ ကွန်မန်ဒို စစ်ကူစစ်ကြောင်းအား လက်ဦးမှုရယူကာ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“ကွန်မန်ဒိုတွေ၊ ကျားတွေ၊ နဂါးတွေ လာမလုပ်နဲ့၊ အကုန်ရှောသွားပြီ”ဟု KNDF တပ်ရင်း-၁၄ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ကွန်မန်ဒိုစစ်ကြောင်းကို တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ ၂၀ဦးထက်မနည်း သေဆုံးခဲ့ပြီး KNDF မှ ရဲဘော်၂ဦး ဒဏ်ရာ(မပြင်းထန်)ရရှိခဲ့ကြောင်း တပ်ရင်း-၁၄က ဖော်ပြသည်။

“စကစတပ် အသေအဆုံးတွေရှိခဲ့ပြီးတော့ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပါတယ်”ဟု KNDF တာဝန်ရှိသူက အဆိုပါတိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ လူထုနွေဦးသို့​ပြောသည်။

သိမ်းဆည်းရရှိခဲ့သော လက်နက်စာရင်းများအရ MA-1 ငါးလက်၊ AK-47 တစ်လက်၊ MA-4 တစ်လက်၊ RPG တစ်လက်နှင့် အခြားလက်နက်ခဲယမ်းများပါရှိသည်။

လက်ရှိတွင် စစ်ကောင်စီသည် မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေသည်မှာ လနှင့်ချီရှိနေပြီး တော်လှန်ရေးတပ်ပေါင်းစုက ခုခံနေဆဲ ဖြစ်သည်။

ကရင်နီပြည်နယ်တွင် ဘောလခဲနှင့် ဖားဆောင်းမြို့နယ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေကာ ကရင်နီတပ်ပေါင်းစုက ကာကင်းစခန်းအချို့ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်စပ် မိုးဗြဲနဲ့ လွိုင်ကော်မြို့နယ်က စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတချို့ ဖမ်းဆီးရရှိတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့အနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။