Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ (၄)နယ်​မြေကို စစ်ကောင်စီဗုံးကြဲ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၂ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) နယ်မြေ ကစယ်ဒို(သရက်ချောင်း) မြို့နယ်ကိုစစ်ကောင်စီက ဇွန်လ ၇ ရက်မနက်ပိုင်းတွင်လေကြောင်းမှဗုံးကြဲခဲ့ရာပြည်သူသေဆုံးထိခိုက်ရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီဗုံးကြဲ၍ အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-KNU

ဇွန်-၇၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) နယ်မြေ ကစယ်ဒို(သရက်ချောင်း) မြို့နယ်ကိုစစ်ကောင်စီက ဇွန်လ ၇ ရက်မနက်ပိုင်းတွင်လေကြောင်းမှဗုံးကြဲခဲ့ရာပြည်သူသေဆုံးထိခိုက်ရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

မြိတ်-ထားဝယ်ခရိုင်၊ကစယ်ဒိုမြို့နယ်‌တောင်ပျောက်ကျေးရွာအုပ်စု၊ကျောက်အိုင်(ကွီးလေး)ကျေးရွာအတွင်းသို့ စစ်‌ကောင်စီတပ်မှ ဂျက်ဖိုင်တာတစ်စီးဖြင့် ဗုံး(၂)လုံးကြဲချခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲမှုကြောင့် ၁၀နှစ် အရွယ်ကလေးငယ်တစ်ဦးနှင့် ၅၅နှစ်အရွယ်အမျိုးသားတစ်ဦးတို့သေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က အသိပေးသည်။ထိုအပြင် နေအိမ်ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတိုလေကြောင်းတိုက်ခိုက်ရာ ကျောက်အိုင်ဒေသ ၌ တိုက်ပွဲ ဖြစ်ပွားမှု ရှိမရှိနှင့်ဒေသတွင်းစစ်ရေးအခြေအနေများကိုမေးမြန်းရန် KNU မြိတ်-ထားဝယ် ခရိုင် သို့ ဆက်သွယ်ထားဆဲဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း ယခု ဇွန်လမှ စ၍တိုက်ပွဲများထပ်မံတိုးမြှင့်ရန်ရှိနေကြောင်း ဇွန် ၁ရက်နေ့တွင် ပြုလုပ်သည့် တနင်္သာရီကမ်ပိန်း စကားဝိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးသည့် ကရင်တိုင်းရင်းသား စောဆဲနေစေးကပြောကြားသည်။

တိုက်ပွဲ တိုးမြင့်လာနိုင်မှုနှင့်အတူပြည်သူများလေကြောင်းအန္တရာယ် ကြုံနေရမှုများလည်းရှိဟု ၎င်းက ဆွေးနွေး‌ပြောကြားခဲ့သည်။

“နေ့တိုင်းကို ကျနော်တို့က နားထောင်နေရတယ်။ လေယာဉ် တက်လာပြီဟေ့ဆို ဗုံးခိုကျင်းထဲ ဆင်းပြေးရတာပေါ့ ။တချို့ ဗုံးခိုကျင်းမလုပ်နိုင်တဲ့အခါကျတော့ချောင်းထဲ မြောင်းထဲ ဆင်းပြေးနေရတဲ့ အခြေအနေတွေရှိတယ်။” ဟု စောဆေဲနေစေးက ပြောကြားသည်။

စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းအရပ်သားပြည်သူများရှိရာနေရာများကိုလေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။မြန်မာ့သမိုင်းတ​လျှောက်လူ​သေဆုံးပျက်စီးဆုံးရှုံးမှူအများဆုံးစစ်ကိုင်ငလျင်လှုပ်အပြီးတွင် စစ်​ကောင်စီကယာယီအပစ်ရပ်​ကြောင်း​ကြေညာပြီး ဗုံးကြဲသတ်ဖြတ်မှုများကို တိုးလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အလှူမဏ္ဍပ် လုပ်ထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြိုနယ် မဇောကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ် ၁ဦး အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရကာ နေအိမ် ၁လုံး ပျက်စီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်အတွင်းက တကူကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ထိခိုက်မှုရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။