Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင်အုပ်ကြီးများ အိမ်​ထောင်စုစာရင်းလိုက်​​ကောက်​နေ

ရန်ကုန်မြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အုပ်ချုပ်​ရေး အဖွဲ့ဝင်များက ရပ်ကွက်​နေပြည်သူများ၏ အိမ်ထောင်စုစာရင်းစာရင်းစာရွက်များကို လိုက်လံကောက်ယူနေကြောင်း ဒေသခံအချို့က ပြောသည်။

ရန်ကုန်မြို့လယ် တ​နေရာကို ၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-People's Spring

ဇွန်-၈၊၂၀၂၅။ရဲခေါင်/People’s Spring

ရန်ကုန်မြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အုပ်ချုပ်​ရေး အဖွဲ့ဝင်များက ရပ်ကွက်​နေပြည်သူများ၏ အိမ်ထောင်စုစာရင်းစာရင်းစာရွက်များကို လိုက်လံကောက်ယူနေကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၁၈ နှစ်ပြည့်သူများ ရှိ၊မရှိ စစ်ဆေးရန် နှင့် ၁၈ နှစ်ပြည့်ပါက မှတ်ပုံတင် လုပ်ပေးရန် ဆိုကာစာရင်း ကောက်ယူ​နေခြင်းဖြစ်​ကြောင်း စစ်ကောင်စီ၏အုပ်ချုပ်ရေးအဖွဲ့ဝင် များက ပြောကြောင်း သိရသည်။

“နေ့ခင်းဘက်ကြီး သုံးယောက်လောက် အိမ်ရှေ့ ရောက်လာတာ။ဘာကိစ္စလဲမေးတော့ ဒီအိမ်မှာ ၁၈ နှစ် ပြည့်ခါစ တွေရှိသလား။မရှိဘူး လို့ပြောတော့ အိမ် ထောင်စုစာရင်းစာရွက်တောင်းတယ်။ပြီးတော့ ဓာတ်ပုံ ရိုက်ပြီး ပြန်သွားတယ်”ဟု ရွှေပြည်သာမြို့နယ် နေသူ တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အင်းစိန်၊မရမ်းကုန်း၊မြောက်ဒဂုံ အရှေ့ဒဂုံ ၊ကမာရွတ်မြို့နယ်တို့တွင်လည်း အလားတူဖြစ်စဥ်မျိုးရှိနေသည်ဟု ဒေသခံများက ​ပြောသည်။

“အိမ်ထောင်စုစာရင်းတွေ ကောက်ဖို့ မြေပြင် ကွင်းဆင်းကောက်ဖို့ ခိုင်းတာ မနေ့က(ဇွန်လ ၇ ရက်) စ တာလို့ပြောရတယ်။သိရတာတော့ ၁၈ နှစ် စ ပြည့်တဲ့သူတွေနဲ့ ပြည့်ပြီးသူတွေ အချက်အလက်အသေးစိတ် စာရင်းလိုချင်လို လို့ ကြားတာပဲ”ဟု ကမာရွတ်မြို့နယ်အုပ်ချုပ်ရေး ရုံးနှင့်နီးစပ်သူက ပြောသည်။

ထိုအခြေအနေသည် မတရားအာဏာသိမ်းထားသည့် စစ်ကောင်စီက ဦးစီးပြုလုပ်မည့်ရွေး ကောက်ပွဲအတွက် စာရင်းပြုစုခြင်း အဓိကဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံအချို့က မှတ်ချက်ပြုသည်။

“စစ်မှုထမ်းကိစ္စထက် သူတို့လုပ်မယ့် ရွေးကောက်ပွဲ က ပိုပြီးဖြစ်နိုင်တယ်။စစ်မှုထမ်းကိစ္စဆိုရင် အဲဒီလောက် သူတို့ယဥ်ယဥ်ကျေးကျေးဆင်းမကောက်ဘူး”ဟု မရမ်းကုန်းမြို့နယ်နေသူတစ်ဦးက ၎င်း၏ ထင်မြင်ချက်ကို ပြောသည်။

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်တွင်လည်းသ​န်းခေါင်းစာရင်း​ကောက်ယူခဲ့​​​သေးသည်။

အာဏာသိမ်းပြီး လေးနှစ်ကျော်အကြာ ယခုနှစ် ဒီဇင်ဘာလနှင့်၂၀၂၆ ဇန်နဝါရီလတွင်ရွေးကောက် ပွဲ ပြုလုပ်မည့်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောထားသည်။

စစ်ကာင်စီက ပြုလုပ်မည့်ရွေးကောက်ပွဲသည် စစ်အုပ်စုက နိုင်ငံရေးအရ ထွက်​ပေါက်ရှာရန် ဖြစ်ပြီး တရားမဝင်ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။