Connect with us

Hi, what are you looking for?

သတင်း

“China Communist Party ဝင်ရောက်စွက်ဖက်မှုတွေအခုရပ် ငါတို့အနာဂတ်ကို ငါတို့ကိုယ်တိုင်ဖန်တီးမယ်” -ခါရာ

ဇွန်-၉၊၂၀၂၅။ဆဏ်း/People’s Spring

မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်များရပ်တန့်ရန် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့၌ တော်လှန်အနုပညာရှင် ခါရာက တောင်းဆိုလိုက်သည်။

ဇွန်လ ၈ ရက်တွင် ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့တွင် မြန်မာနိုင်ငံသားများက ဆန္ဒပြပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ခါရာက မြန်မာပြည်ဖွား တရုတ်လူမျိုးတစ်ဦးအနေဖြင့် တရုတ်ဘာသာစကားကိုပြောကြားကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/LuduNwayOo/videos/1995185647678695

Public Service Announcement

Public Service Announcement

“ဒီနေ့ ကျွန်တော့် နှလုံးသား ကျွန်တော့်တို့ရဲ့နှလုံးသားတွေဟာ အစိတ်စိတ်အမွှာမွှာ ဖျက်‌ဆီးခံလိုက်ရတယ်။ကျွန်တော်တရုတ်ပြည်ကိုချစ်တယ်။ မြန်မာပြည်ကြီးကို အရမ်းချစ်တယ်။ ဒါပေမယ့် ကိုယ့်ပြည်သူတွေက ကိုယ့်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ မီးရှို့ဖျက်ဆီးမှုတွေ ဖိနှိပ်‌ခြိမ်းခြောက်မှုတွေ လုပ်နေတာကို တရုတ်အစိုးရကတော့ မသိသလိုနေခဲ့ကြတယ်။” ဟုခါရာကပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ အကျိုးအမြတ်ကြောင့် စစ်ကောင်စီကို ထောက်ခံခဲ့ခြင်းဖြစ်ပြီး အကျိုးအမြတ်နှင့် အာဏာအတွက်လုပ်ဆောင်နေခြင်းကို မြန်မာပြည်ဖွား တရုတ်တစ်ဦးအနေဖြင့်လက်မခံနိုင်ဟု ၎င်းကဆိုသည်။

ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီ၏မတရား လုပ်ရပ်များကို ထောက်ခံခြင်း ထောက်ပံ့ခြင်းများ ရပ်တန်းကရပ်ရန် နှင့် မြန်မာပြည်သူများဘက်မှ ရပ်တည်ရန် ခါရာကတောင်းဆိုလိုက်သည်။

“အာဏာရှင်တွေနဲ့ မရပ်တည်ပါနဲ့ ၊ ရပ်တန်းကရပ် ၊ ငါတို့ပြည်သူတွေ အသက်တွေပေးနေရတာလုံလောက်ပြီ။ ငါတို့ပြည်သူတွေကို မျှော်လင့်ချက်တွေ ငြိမ်းချမ်းမှုတွေနဲ့ အနာဂတ်ကို တည်ဆောက်ခွင့်ပေးပါ။China Communist Party ဝင်ရောက်စွက်ဖက်မှုတွေ အခုရပ် ငါတို့အနာဂတ်ကို ငါတို့ကိုယ်တိုင်ဖန်တီးမယ်” ဟု ခါရာက ပြောသည်။

သရုပ်ဆောင်တစ်ဦးအနေဖြင့် အခြားနိုင်ငံ၏သံရုံးရှေ့၌ ဆန္ဒပြနေခြင်းသည် ကိုယ်ချင်းစာစိတ်ကြောင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းကအသိပေးထားသည်။

“သရုပ်ဆောင်ဆိုတာ ပြည်သူတွေထဲက ပြည်သူတွေပဲ။ ပြည်သူတွေခံစားနေရသလိုပဲ ခံစားနေရတယ်။ ဘယ်လိုမှ မျက်ကွယ်ပြုလို့မရဘူး။ ဒါကြောင့်ဒီလမ်းကိုရွေးချယ်ခဲ့တယ်။ လူပီသချင်လို့။” ဟု ခါရာကပြောသည်။

ရုပ်သံ-Khar Ra’s Facebook

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook