ဇွန်-၉၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကောင်စီလက်အောက်ခံ PNO/PNA ပြည်သူ့စစ်ကရှမ်းပြည်တောင်ပိုင်းဖယ်ခုံမြို့နယ်ရှိ ကယန်းပြည်သစ်ဂိတ်ကို ယနေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့်ဗုံးကြဲသဖြင့် ကယန်းပြည်သစ်ရဲဘော်သုံးဦးဒဏ်ရရှိခဲ့ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များကပြောသည်။
စစ်တပ် နှင့် အပစ်အခတ်ရပ်ထားသည့် ကယန်းပြည်သစ်ပါတီ / ကယန်းပြည်သစ်တပ်မတော် (KNLP/KNLA)၏ ဂိတ်စခန်းကို ဇွန်လ ၉ ရက် နံနက်၁၁နာရီဝန်းကျင်ကဗုံးကြဲခံရခြင်းဖြစ်သည်။
“ဆောင်နန်းခဲကကယန်းပြည်သစ်ဂိတ်မှာဖြစ်တာ။ဖယ်ခုံ ပေါ့။ကယန်းပြည်သစ်ရဲဘော် ၃ဦးအပြင်း အထန်ဒဏ်ရာရပြီး စိုးရိမ်ရတဲ့အခြေနေရှိတယ်လို့ သိရတယ်”ဟု ရှမ်းပြည်တောင်ပိုင်းမှ စစ်ရေးသတင်းရင်း မြစ်တဦးကပြောသည်။

Public Service Announcement
သီး ခြားသတင်းရင်းမြစ်တစ်ဦးကလည်း “စကစ နဲ့ PNO ပူးတွဲ ပြီး စစ်ကြောင်းထိုးနေတာ”ဟု ဗုံးကြဲခံရသည့် ကျေးရွာ နှင့် ဖယ်ခုံအင်းအရှေ့ခြမ်း အခြေအနေ ကို ပြောသည်။
မေလ ၁၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ နှင့် ညောင်ရွှေမြို့နယ် အစပ်ရှိ စန့်လိတ်ကျေးရွာအနီးမှ ကယန်းပြည်သစ်ဂိတ်ကို PNO ပြည်သူ့စစ်က ဗုံးကြဲခဲ့သေးပြီး ကယန်းပြည်သစ်ရဲဘော်အချို့ဒဏ်ရာရရှိခဲ့သည်။
ဇွန် ၉ ရက်တွင် စစ်ဆေးရေးဂိတ်ဒရုန်းဖြင့် ဗုံးကြဲခံရမှုကို ကယန်းပြည်သစ်ဗဟိုကော်မတီသို့ဆက်သွယ် မေးမြန်းရန်ကြိုးပမ်းသော်လည်း ဆက်သွယ်မရသေးပေ။
၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်ကလည်း မိုးဗြဲ မြို့အနောက်ဘက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် လုံခြုံရေးဂိတ်ကို စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် ဗုံးနှစ်လုံးကျဲချကာ တိုက်ခိုက်ခံရဖူးသည်။သို့သော် ထိခိုက်မှုအသေးစိတ်ကို KNLP က ထုတ်ပြန်ခြင်းမလုပ်ခဲ့ပေ။
ထို့အပြင် ယခုနှစ် ဧပြီ ၁၀ရက်က ကယန်းအမျိုးသားနေ့ ကျင်းပသည့် သိကျိတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့သည်။
စစ်အာဏာရှင်စနစ်အပြီးသတ်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေးအတွက် မိတ်ဖက်ဒီမိုကရေစီအင်အားစု များ၊ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဇွန်လ ၄ ရက်နေ့က ၆၁ နှစ်ပြည့်ကယန်းအမျိုးသား လက်နက်ကိုင်တော် လှန်ရေးနေ့တွင် ကယန်းပြည်သစ်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မြားနိုက ပြောထားသည်။
