Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင်စစ်တပ်စစ်​ကြောင်းကို PDFများတိုက်ခိုက်၊ စစ်သား ၃ ဦး​သေ ၁ဦးဖမ်းမိ

မန္တလေးတိုင်း၊တောင်သာမြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်သားသုံးဦးသေပြီးတစ်ဦးအရှင်ဖမ်းမိကာ လူသားဒိုင်းပြုလုပ်ခံရသည့် ပြည်သူ ၇ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကလူထုနွေဦးသို့ ပြောသည်။

စစ်တပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများနှင့် PDF များ။ဓါတ်ပုံ- ​တောင်သာPDF

ဇွန်-၁၃၊၂၀၂၅။ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊တောင်သာမြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်သားသုံးဦးသေပြီးတစ်ဦးအရှင်ဖမ်းမိကာ လူသားဒိုင်းပြုလုပ်ခံရသည့် ပြည်သူ ၇ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကလူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဇွန်လ၁၂ရက်)နံနက်၁၀နာရီခန့်ကတောင်သာမြို့မှ စစ်ကောင်စီ ဗိုလ်မှူးဝဏ္ဏဌေးဦး ဆောင်သောစစ်တပ်ကြောင်းသည် ထနောင်းကုန်းရွာသို့ ထောက်ပို့လမ်းကြောင်းချိတ်ဆက်ကူးလူးနေသည်ကို ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“ဒါက မြင်းခြံခရိုင်စစ်ဆင်ရေးရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။စကစ စစ်ကြောင်းကခန့်မှန်းအင်အား ၄၀ ပတ်ချာလည်လောက်ရှိတယ်”ဟု တောင်သာမြို့ နယ်ပကဖ တာဝန်ရှိသူကပိတ်တို့တိုက်ခိုက်မှု ဖြစ်စဥ် ကိုရှင်းပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲသည်တောင်သာမြို့၏အနောက်ဘက်ဆင်တဲဝချောင်း၏ အနောက်ဘက်ကမ်းတွင် တိုက်ပွဲဖြစ်ခဲ့ကာ စစ်ကောင်စီတပ်က ​ဒေသခံပြည်သူအမျိုးသားခုနစ်ဦးကို လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့ကြောင်း ​ဖော်ပြသည်။

သို့သော်တိုက်ပွဲအတွင်းထိုပြည်သူခုနစ်ဦးကို အထိ အခိုက်မရှိဘဲ ကာကွယ်ရေးရဲဘော်များက ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူခုနစ်ဦးအားကယ်ထုတ်ပြီးချိန်တွင်တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး စစ်တပ်မှ ကျော်နိုင်ဝင်းကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း တောင်သာမြို့နယ် ပကဖ က ထုတ်ပြန်ထားသည်။

ကျန်ရှိသောစစ်ကောင်စီတပ်သားများသည်ကစဉ့် ကလျားထွက်ပြေးသွားပြီး တိုက်ပွဲမှ G3 အမျိုးအစား တစ်လက်၊MA3 အမျိုးအစားတစ်လက်၊RPG ဖူး ၁၀ ဖူး၊ ကျည်ဘောက် သုံးခု၊ကျည် ၁၁၈တောင့်၊ Drone Jammer တစ်ခုနှင့် စစ်အဝတ် အစား အသုံးအဆောင်တချို့ကို ပကဖ က သိမ်းဆည်းရရှိခဲ့သည်။

တိုက်ပွဲကို တောင်သာမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်မဟာမိတ်များ ပူးပေါင်းဖော်ဆောင်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်းသိရသည်။

မေလ ၂၇ ရက်ကလည်းတောင်သာ မြို့နယ်တွင် စစ်ကောင်စီ တပ်ကို ဖြတ်တောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအလောင်းအချို့ နှင့် အရှင်တစ်ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများကို တောင်သာ ပကဖ က ရရှိခဲ့သည်။

မေလ ၁၅ ရက်ကစ၍ တောင်သာမြို့နယ်အပါအဝင် မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊နွားထိုးကြီးနှင့် ငါးန်းဇွန် မြို့နယ်တို့၌ ခရိုင်အဆင့်စစ်ဆင်ရေးဖြင့် စစ်ကောင်စီ စခန်းများကို ထိုးစစ်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

Facebook