Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရရုံးနဲ့ ဝန်ကြီးအိမ်ရာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က စစ်ကောင်စီရဲ့ အစိုးရရုံးနဲ့ ဝန်ကြီးတွေအိမ်ရာကို ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ကျွဲခြံကုန်းရပ်ကွက်ထဲကို ဒရုန်းတစ်စီးကျရောက်သည်ကို တွေ့ရစဉ်။ ဓာတ်ပုံ − အောင်သူ

ဇွန်-၁၃၊ ၂၀၂၅။ People’s Spring

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က စစ်ကောင်စီရဲ့ အစိုးရရုံးနဲ့ ဝန်ကြီးတွေအိမ်ရာကို ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ယမန်နေ့(ဇွန်လ ၁၂ရက်)က မော်လမြိုင်မြို့က စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရရုံးနဲ့ ဝန်ကြီးတွေအိမ်ရာကို ပစ်ခတ်တိုက်ခိုက်မှုမှာ ဥပဒေချုပ်ရဲ့ နေအိမ်ထိမှန်ပြီး နှစ်ဦး ထိခိုက်မှုရှိတယ်လို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ကျွဲခြံကုန်းရပ်ကွက်ထဲကို ဒရုန်းတစ်စီးကျရောက်သည်ကို တွေ့ရစဉ်။ ဓာတ်ပုံ − အောင်သူ

“ရန်သူရဲ့အဓိကပစ်မှတ်တွေကို ရွေးချယ်တိုက်ခိုက်တဲ့အခါ risk ယူရတာမျိုးတွေရှိတယ်။ သူတို့ကလည်း သေမှာကြောက်လို့ ရေဒါတွေ၊ Jammer တွေတပ်ထားတယ်၊ ကိုယ်တွေကလည်း ဒါတွေကိုကျော်လွှားပြီးချရတာပဲ။ ရန်သူကလည်း သူ့အလုပ်သူလုပ်နေသလို ကျနော်တို့လည်းကိုယ့်အလုပ်ကိုယ်လုပ်ကြရမှာပါ။ ဒရုန်းအချို့ကိုတော့ သူတို့တားဆီးနိုင်လိုက်တယ်။ ဒါပေမဲ့ ကျနော်တို့ပစ်မှတ်ကို ထိရောက်တဲ့တိုက်ခိုက်မှုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြည်သူကို ဥပဒေမဲ့လုပ်ချင်ရာလုပ်နေတဲ့သူတွေအတွက် နေ့ရက်တိုင်းဟာ အိပ်မက်ဆိုးတွေနဲ့ချည်းဖြစ်နေစေရမယ်။ တရားသောစစ်နိုင်ကိုနိုင်ရမယ်”လို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ တိုက်ခိုက်မှုကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats Drone Force၊ Sky Worries Drone Force၊ Saw Dragon Drone Force နဲ့ ဒေသခံမွန်ပြည်နယ်ပကဖတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် မြို့ပေါ်က ကျွဲခြံကုန်းရပ်ကွက်ထဲကို ဒရုန်းတစ်စီးကျရောက်ခဲ့တယ်လို့ မော်လမြိုင်ဒေသခံတစ်ဦးက သူရဲ့ လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

စျေးဝယ်စင်တာ တစ်ခုကို ရုရှားရဲ့ Double-tap ဒရုန်း တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook