Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာတိုက်ပွဲ တွေပြင်းထန်

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာတိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေပြီး စစ်တပ်ကအင်အားအများအပြားနဲ့ထိုးစစ်ဆင်နေသလို လေ‌​ကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ် နေတယ်လို့ဒေသခံ တွေဆီကသိရပါတယ်။‌

တာယာစက်ရုံမီးလောင်နေစဥ်။ဓါတ်ပုံ- VOM

ဇွန်၁၈၊၂၀၂၅၊ရှိန်း/People Spring

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာတိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေပြီး စစ်တပ်ကအင်အားအများအပြားနဲ့ထိုးစစ်ဆင်နေသလို လေ‌​ကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ် နေတယ်လို့ဒေသခံ တွေဆီကသိရပါတယ်။‌

ဇွန်လ၁၆ရက် နေ့ညနေပိုင်းကနေ ဇွန် ၁၇ရက်နေ့ အထိ မတ္တရာမြို့နယ်အရှေ့ခြမ်းက ထန်းပင်ကုန်းရွာအနီးမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

“စစ်တပ်ကလက်နက်ကြီးတွေ ၊ဟောင်ဝစ်ဇာတွေနဲ့ ဆက်တိုက်ပစ်တယ်။နေ့​ရော၊ညရောနှစ်ဖက် တိုက်ပွဲဖြစ်တယ်။လေယာဉ်ကလည်း ဆက်တိုက်ကို ကြဲနေတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မတ္တရာမြို့နယ်အရှေ့ခြမ်းကထန်းပင်ကုန်းရွာအနီးကို ဇွန်လ၁၇ ရက် နေ့ ၊ညနေ ၃နာရီ လောက်မှာ စစ်တပ်က၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၁၇ ရက် ည၁၂နာရီ ကျော်မှာလည်း ထန်းပင်ကုန်းရွာအနီးကို တံတားဦး လေတပ်က နေဗုံးသီးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင်ပတ်လည်အင်း ကျေးရွာအနီးက တာယာစက်ရုံကိုလည်း ဇွန်၁၇ ရက်ည၁၂နာရီ၄၀မိနစ်မှာ တံတားဦး လေတပ်‌က နေဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ တာယာစက်ရုံ မီးလောင်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီက မတ္တရာမြို့နယ်အရှေ့ခြမ်းကို ထိုးစစ်ဆင်ပြီးပြန်လည် သိမ်းယူထိန်းချုပ်ဖို့ကြိုးစား နေတာဖြစ်ပါတယ်။

“စစ်တပ်က လက်ရှိ ကျောက်တံတားရွာကို တော့ သူတို့စိုးမိုးနိုင်သွားပြီ။မြကန်သာကိုအထိုင်ချပြီး ထိုးစစ်ဆက်တိုက်ဆင် နေတယ်။ ‌‌‌‌‌‌‌‌‌ကြားကထန်းပင်ကုန်းက ဟိုဘက်ဒီဘက် ပြန်ထိန်း နေကြတဲ့အခြေအနေပဲ။အယ်ဖာ၊ဖယောင်း တောင်နဲ့ ထန်းပင်ကုန်း ဒီသုံး နေရာက တော့ တိုက်ပွဲမပျက်ဘူးလို့ ပြောရမယ်”လို့ ဒေသခံတဦး ကပြောပါတယ်။ စစ်တပ်က ​ကျောက်တံခါးရွာကို စိုးမိုးနိုင်ပြီဆိုတဲ့ အချက်အလက်ကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါဘူး။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး)က မတ္တရာမြို့နယ်အရှေ့ခြမ်းကို ၁၀၂၇စစ်ဆင်ရေးဒုတိယလှိုင်း နဲ့ ရှမ်းမန်း စစ်ဆင်​ရေးမှာ စစ်စခန်းနဲ့ ရဲစခန်း ၄၀ ​ကျော်ကို သိမ်းပိုက်ပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ် ။ စစ်တပ်က ၂၀၂၄ နှစ်ကုန်ပိုင်းမှာ မတ္တရာမြို့နယ် အ​နောက်ပိုင်းက​ကျေးရွာ​တွေကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပြီး ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး မန္တ​လေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် အ​ရှေ့ပိုင်းကို ထိုးစစ်ဆင် သိမ်းယူဖို့ ကြိုးစား​နေတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ပန်းသာရွာအနီးရှိ ခမိတ်ရွာ၌ ယမန်နေ့ညပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ​ဒေသခံပြည်သူများလေကြောင်းအန္တရာယ်သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။

သတင်း

ကရင်ပြည်နယ်၊ ကျုံဒိုး - ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် စစ်ကြောင်း လန်ကျပြီး အထိနာနေတယ်လို့ ကော့ကရိတ်ဒေသက PDFစစ်ကြောင်းမှူးတစ်ဦးက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ ကျုံဒိုး - ကော့ကရိတ် လမ်းပိုင်းကို စိုးမိုးနိုင်ဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ၊ ခွဲထွက် DKBA တို့နဲ့ KNU ပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က နေ့စဉ်နီးပါး လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Facebook