Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာတိုက်ပွဲ တွေပြင်းထန်

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာတိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေပြီး စစ်တပ်ကအင်အားအများအပြားနဲ့ထိုးစစ်ဆင်နေသလို လေ‌​ကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ် နေတယ်လို့ဒေသခံ တွေဆီကသိရပါတယ်။‌

တာယာစက်ရုံမီးလောင်နေစဥ်။ဓါတ်ပုံ- VOM

ဇွန်၁၈၊၂၀၂၅၊ရှိန်း/People Spring

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာတိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေပြီး စစ်တပ်ကအင်အားအများအပြားနဲ့ထိုးစစ်ဆင်နေသလို လေ‌​ကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ် နေတယ်လို့ဒေသခံ တွေဆီကသိရပါတယ်။‌

ဇွန်လ၁၆ရက် နေ့ညနေပိုင်းကနေ ဇွန် ၁၇ရက်နေ့ အထိ မတ္တရာမြို့နယ်အရှေ့ခြမ်းက ထန်းပင်ကုန်းရွာအနီးမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

“စစ်တပ်ကလက်နက်ကြီးတွေ ၊ဟောင်ဝစ်ဇာတွေနဲ့ ဆက်တိုက်ပစ်တယ်။နေ့​ရော၊ညရောနှစ်ဖက် တိုက်ပွဲဖြစ်တယ်။လေယာဉ်ကလည်း ဆက်တိုက်ကို ကြဲနေတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မတ္တရာမြို့နယ်အရှေ့ခြမ်းကထန်းပင်ကုန်းရွာအနီးကို ဇွန်လ၁၇ ရက် နေ့ ၊ညနေ ၃နာရီ လောက်မှာ စစ်တပ်က၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၁၇ ရက် ည၁၂နာရီ ကျော်မှာလည်း ထန်းပင်ကုန်းရွာအနီးကို တံတားဦး လေတပ်က နေဗုံးသီးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင်ပတ်လည်အင်း ကျေးရွာအနီးက တာယာစက်ရုံကိုလည်း ဇွန်၁၇ ရက်ည၁၂နာရီ၄၀မိနစ်မှာ တံတားဦး လေတပ်‌က နေဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ တာယာစက်ရုံ မီးလောင်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီက မတ္တရာမြို့နယ်အရှေ့ခြမ်းကို ထိုးစစ်ဆင်ပြီးပြန်လည် သိမ်းယူထိန်းချုပ်ဖို့ကြိုးစား နေတာဖြစ်ပါတယ်။

“စစ်တပ်က လက်ရှိ ကျောက်တံတားရွာကို တော့ သူတို့စိုးမိုးနိုင်သွားပြီ။မြကန်သာကိုအထိုင်ချပြီး ထိုးစစ်ဆက်တိုက်ဆင် နေတယ်။ ‌‌‌‌‌‌‌‌‌ကြားကထန်းပင်ကုန်းက ဟိုဘက်ဒီဘက် ပြန်ထိန်း နေကြတဲ့အခြေအနေပဲ။အယ်ဖာ၊ဖယောင်း တောင်နဲ့ ထန်းပင်ကုန်း ဒီသုံး နေရာက တော့ တိုက်ပွဲမပျက်ဘူးလို့ ပြောရမယ်”လို့ ဒေသခံတဦး ကပြောပါတယ်။ စစ်တပ်က ​ကျောက်တံခါးရွာကို စိုးမိုးနိုင်ပြီဆိုတဲ့ အချက်အလက်ကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါဘူး။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး)က မတ္တရာမြို့နယ်အရှေ့ခြမ်းကို ၁၀၂၇စစ်ဆင်ရေးဒုတိယလှိုင်း နဲ့ ရှမ်းမန်း စစ်ဆင်​ရေးမှာ စစ်စခန်းနဲ့ ရဲစခန်း ၄၀ ​ကျော်ကို သိမ်းပိုက်ပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ် ။ စစ်တပ်က ၂၀၂၄ နှစ်ကုန်ပိုင်းမှာ မတ္တရာမြို့နယ် အ​နောက်ပိုင်းက​ကျေးရွာ​တွေကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပြီး ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး မန္တ​လေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် အ​ရှေ့ပိုင်းကို ထိုးစစ်ဆင် သိမ်းယူဖို့ ကြိုးစား​နေတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။