Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲ

တိုက်ပွဲဖြစ်ပွားနေသည့်ဖားကန့်မြို့နယ်အတွင်းတစ်နေရာကိုစစ်ကောင်စီကယ‌နေ့(ဇွန်လ၁၉ရက်)ည‌နေ ၃နာရီ ၂၀ မိနစ်ခန့်တွင် လေကြောင်းမှဗုံးကြဲသည်။

စစ်​ကောင်စီရဲ့ တိုက်​လေယာဥ် ၂ စင်း ၂၀၁၉ ခုနှစ်တွင် မ​ကွေး​လေတပ်မှာ စစ်​ရေး​လေ့ကျင့်စဥ်။ ဓါတ်ပုံ-AFP

ဇော်ရမ်း/People’s Spring

တိုက်ပွဲဖြစ်ပွားနေသည့်ဖားကန့်မြို့နယ်အတွင်းတစ်နေရာကိုစစ်ကောင်စီကယ‌နေ့(ဇွန်လ၁၉ရက်)ည‌နေ ၃နာရီ ၂၀ မိနစ်ခန့်တွင် လေကြောင်းမှဗုံးကြဲသည်။

မှော်ဝမ်းလေးရွာကို ဗုံးကြဲသွားခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံတဦးကပြောသည်။

“မိုးခြိမ်းသလိုအကျယ်ကြီးပဲ။ ဘုန်းကြီးကျောင်းပေါ်ကျတယ်လို့ကြားတယ်”ဟု စစ်ဘေးရှောင်နေသည့်မှော်ဝမ်းလေး‌ရွာဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တံတားဦးလေဆိပ်မှတက်လာသည့်ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခြင်းဖြစ်ပြီး စစ်တပ်စစ်ကြောင်းရှိသည့်နေရာတည့်တည့်ကို ကြဲချသွားခြင်းဟု ကြားသိရကြောင်း ဒေသခံအချို့ကပြောသည်။ သို့​သော် အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေသည့် မှော်ဝမ်းလေးရွာတွင် ဇွန်လ ၁၆ရက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည် ။ဇွန် ၁၈ ရက်​​နေ့က ​ခေတ္တငြိမ်သက်နေရာမှ ဇွန် ၁၉ ရက်နံနက်ပိုင်းမှစ၍ တိုက်ပွဲပြန်ဖြစ်ပွားခဲ့သည်ဟု ဖားကန့်ဒေသခံများကပြောသည်။

ဖားကန့်မြို့နယ်အတွင်း မှော်ဝမ်းကြီး၊ မှော်််ဝမ်းလေး၊ ဆန်းကြွယ်ရွာအနီးဝန်းကျင်၌ စစ်ရေးတင်းမာနေပြီး ဒေသခံများအား လေကြောင်းအန္တရာယ်သတိပြုကြရန်KIAနှင့် KPDF ရဲဘော်များက သတိပေးထားကြသည်။ ဒေသခံများစုသည် ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရသည်။

ဖားကန့်ဒေသတွင် မေလ ၂၇ရက်မှစ၍ စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ဇွန်လ ၅ရက်နောက်ပိုင်းမှစ၍ တိုက်ပွဲများပိုမိုပြင်းထန်လာပြီး စစ်ကောင်စီဘက်မှ ဗိုလ်မှူးအဆင့်ကိုအပါအဝင် ၃၀ဦးထက်မနည်းသေဆုံးထားသည်ဟု မြေပြင်သတင်းရင်းမြစ်များကပြောသည်။ဇွန် ၁၉ ရက်လေကြောင်းတိုက်ခိုက်မှုသည် စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာသည့် မေလ၂၇ရက်နောက်ပိုင်းပထမဆုံးအကြိမ်တိုက်ခိုက်မှုဖြစ်သည်။

စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ စစကြောင်းထိုးစဥ်သတ်ဖြတ်ခြင်းများကြောင့် မေလ ၂၈ရက်မှ ယနေ့အထိ အရပ်သား သေဆုံးသူ၃၀ ဦးနီးပါး ရှိလာပြီဖြစ်သည်။ယနေ့ညနေ လေကြောင်းမှဗုံးကြဲမှုကြောင့် ထိခိုက်မှုကိုမသိရသေးပေ။ဖားကန့်၌ တိုက်ပွဲဆက်လက်ပြင်းထန်နိုင်၍ ဒေသခံများစစ်ဘေးရှောင်နိုင်ရေးအတွက် ဦးစားပေးကြိုတင်ပြင်ဆင်ပေးကြရန် ဒေသခံများနှင့် လူမှုကူညီရေး လုပ်ဆောင်သူများကတောင်းဆိုနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။