Connect with us

Hi, what are you looking for?

သတင်း

မင်းပြားနှင့် ပေါက်တောကို စစ်ကောင်စီလေကြောင်းဗုံးကြဲ

အာရက္ခတပ်တော်(AA)ထိန်းချုပ်‌ထားသော မင်းပြားနှင့် ပေါက်တောမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့(ဇွန်လ ၁၉ရက်)ညပိုင်း၌ လေကြောင်းမှ ဗုံးကြဲသွားရာ အရပ်သားထိခိုက်သေဆုံးမှုရှိသည်ဟု ကနဦးသတင်းရရှိသည်။

ပေါက်တောမြို့တွင်းတနေရာ(ပုံဟောင်း)။ ဓာတ်ပုံ - CJ

ဇွန်-၂၀၊ ၂၀၂၅။ အိမ်သွင်/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်‌ထားသော မင်းပြားနှင့် ပေါက်တောမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့(ဇွန်လ ၁၉ရက်)ညပိုင်း၌ လေကြောင်းမှ ဗုံးကြဲသွားရာ အရပ်သားထိခိုက်သေဆုံးမှုရှိသည်ဟု ကနဦးသတင်းရရှိသည်။

ည ၁၂ နာရီခန့်၌ မိနစ်အနည်းငယ်စီခြား၍ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဟု စစ်ဘေးရှောင်များအား ကူညီနေသူတစ်ဦးကပြောသည်။

“မင်းပြားက ခမရ(၃၈၀) နားကို ချတာ။ အရပ်သားတွေ ရှိတဲ့နေရာပါ။ ကျတော်တို့က ဖုန်းလိုင်းအရမ်းခက်ခဲနေလို့ သတင်းစောင့်နေရတယ်။ ပေါက်တောကိုလည်းပစ်သွားတယ်။ ကျနော်တို့ အကူအညီပေးနိုင်ဖို့လုပ်နေတယ်” ဟု ဖုန်းလိုင်းရနေသည့်ဒေသမှ ရခိုင်လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်မှု အသေးစိတ်ကိုမသိရသေးပေ။ AAက သတင်းမထုတ်ပြန်သေးသလို စစ်ကောင်စီကလည်း ထုတ်ပြန်လေ့မရှိပေ။

ပေါက်တောမြို့ကို ၂၀၂၄ခုနှစ် ဇန်နဝါရီ ၁၉ရက်နှင့် မင်းပြားမြို့ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ရက်တွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း AAထိန်းချုပ်ထားသည့် မြို့နယ်များကို ပြီးခဲ့သည့် မေလမှစတင်၍ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်။

ကျောက်တော်မြို့ကို မေလ ၁၃ရက်၊ ၁၄ရက်နှင့် ၁၅ရက်က သုံးရက်ဆက် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား၂၁ဦးသေဆုံးပြီး ဒဏ်ရာရသူများပြားခဲ့သည်။ ထို့အပြင် AA ထိန်းချုပ်ထားသည့် သံတွဲမြို့ကိုလည်း ဇွန်လ ၇ရက် ညပိုင်းက စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲရာ စစ်ဘေးရှောင်လေးဦး သေဆုံးခဲ့သည်။

မတ်လ ၂၈ရက် ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထိရောက်စွာပေးနိုင်ရန်အတွက်အပစ်ရပ်ထားသည်ကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူများအား လေကြောင်းမှတိုက်ခိုက်နေသည်ဟုအာရက္ခတပ်တော်(AA)က မေလအတွင်း သတင်းထုတ်ပြန်ထားသည်။

အပြစ်မဲ့အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ဆက်တိုက် ကျူးလွန်နေသော စစ်ကောင်စီ၏ လုပ်ရပ်ကို ကောင်းစွာမှတ်တမ်းတင်ထားပြီး စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေမှုများကိို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ပလက်၀မြို့နယ် ဝါးရူးနဲ့ ကယက်ကျေးရွာကြားကိုအာဏာသိမ်းစစ်တပ်ကဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးလေးလုံး ကြဲချ၊ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ တဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ မင်းပြား နဲ့ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ကဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးအလုံးရေ ရာချီကြဲခဲ့ပြီး ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်‌တွေမြို့အနီးမှာတိုက်ပွဲပြင်းထန်နေပြီးအာဏာသိမ်းစစ်တပ်က ပေါက်တောမြို့ကို ဒီနေ့ည ၉နာရီခန့်ကစပြီး လေကြောင်းက‌နေ ဗုံး ၈လုံးကြဲချသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အလှူမဏ္ဍပ် လုပ်ထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။