Connect with us

Hi, what are you looking for?

သတင်း

ပြည်မြို့အနီး ရစ်ခ်တာစကေး ၄ဒဿမ၂အဆင့်ငလျင်လှုပ်

ပြည်မြို့အနီးတွင်ရစ်ခ်တာစကေး ၄ ဒဿမ၂ အဆင့်ရှိ မြေငလျင်တစ်ခုယနေ့နံနက်၆ နာရီခွဲခန့်၌လှုပ်ရှားခဲ့သည်။

ဇွန်-၂၃၊၂၀၂၅။အိမ်သွင်/People’s Spring

ပြည်မြို့အနီးတွင်ရစ်ခ်တာစကေး ၄ ဒဿမ၂ အဆင့်ရှိ မြေငလျင်တစ်ခုယနေ့နံနက်၆ နာရီခွဲခန့်၌လှုပ်ရှားခဲ့သည်။

ပြည်မြို့၏တောင်-အရှေ့တောင်ဘက် ၅၅ ကီလိုမီတာ( ၃၄ မိုင်​ကျော်)အကွာ၌ မြေအောက်အနက် ၁၀ ကီလိုမီတာ(၆ မိုင်​ကျော်)ကိုဗဟိုပြု၍ ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် လှုပ်ခတ်သွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ပြည်မြို့နယ် နှင့် ပတ်ဝန်းကျင်၌ ရစ်ခ်တာစကေး ၄ဒဿမ၉အဆင့်ငလျင်လှုပ်ပြီးနောက် ၁၅ရက်အကြာ၌ ရစ်ခ်တာစကေး ၄အထက် လှုပ်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇွန်လဆန်းပိုင်းက ရစ်ခ်တာစကေး ၄ မှ ၅ ကြား ငလျင်အချို့သည် ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ်နှင့် မန္တ လေးတိုင်းအတွင်း မကြာခဏ လှုပ်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် ရစ်ခ်တာစကေး ၃ မှ ၄ကြားငလျင်အချို့လှုပ်ခဲ့သည်။

မတ်လ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သည့်ရစ်ခ်ျတာစကေး၇ဒဿမ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးနောက်ပိုင်းမြန်မာနိုင်ငံဒေသအများအပြားတွင်နောက်ဆက်တွဲငလျင်များဆက်တိုက်လှုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။