Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့ရဲမေများ ဦးဆောင်ဖမ်းဆီး

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် စစ်ကောင်စီတပ်သားတစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့ရဲမေများက ဦးဆောင်၍ ဖမ်းဆီးရမိခဲ့သည်။

စစ်ကောင်စီ တပ်ကြပ်ကြီးကို ကာကွယ်ရေးရဲမေများက လက်ရဖမ်းမိစဉ်

ဇွန်-၂၃၊ ၂၀၂၅။ ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် စစ်ကောင်စီတပ်သားတစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့ရဲမေများက ဦးဆောင်၍ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးခံရသူသည် မိတ္ထီလာအမှတ်(၁)တပ်မတော်အကြီးစားစက်ရုံမှ တပ်ကြပ်ကြီး အောင်ဝင်းကို၊(ကိုယ်ပိုင်အမှတ်-တ/၄၈၃၂၄၃)ဖြစ်ပြီး ၎င်းနှင့်အတူ MA1 အမျိုးအစား လက်နက်(၁)လက်၊ ၅.၅၆ကျည်(၂၅၀)တောင့်တို့ပါ ရရှိခဲ့သည်။

ယမန်နေ့(ဇွန် ၂၂ ရက်)နံနက် ၉ နာရီခန့်က လက်နက်နှင့်အတူ အင်္ကျီအရပ်ဝတ်နှင့် အောက်ခံယူနီဖောင်းဝတ်ထားသူတစ်ဦး မလှိုင်မြို့ပေါ်ရှိ စားသောက်ဆိုင်တဆိုင်တွင် မူးယစ်သောက်စားနေသည်ကို သိရပြီးနောက် သွားရောက်ဖမ်းဆီးခဲ့ခြင်းဟုဆိုသည်။

Public Service Announcement

Public Service Announcement

အရက်မူး၍ ကွမ်းယာဝယ်ထွက်လာချိန်တွင် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲမေများဦးဆောင်အဖွဲ့က လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း အသိပေးသည်။

“သတင်းကွန်ရက်နဲ့ပြည်သူပူးပေါင်းပါဝင်မှုကြောင့် ဖမ်းနိုင်ခဲ့တာ”ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖမ်းဆီးရမိသူနှင့်အတူ ကိုယ်ပိုင် အမှတ်နှင့် တပ်ကြပ်ကြီးအောင်ဖြိုး အမည်ပါ ကတ်ပြား၊မြန်မာ့စီးပွားရေးဘဏ်စာအုပ်၊ မှတ်ပုံတင်၊ ယာဥ်မောင်းလိုင်စင် နှင့် တမတ်သားရွှေလက်စွပ်တကွင်းတို့ပါ ​သိမ်းဆည်းရရှိခဲ့ရသည်ဟုဆိုသည်။ ထို့အပြင် စစ်တပ်ထံမှ ဇွန်လ ၁၇ မှ ဇွန်လ ၂၆ ရက်အထိ ​ရှောင်တခင်ခွင့် ​ခေါင်းစဥ်ဖြင့် ခရီးသွားလာခွင့်အမိန့်စာရွက်ကိုလည်း​တွေ့ရသည်။

ယခုလ ၁၇ရက်ကလည်း လမ်းပိုင်းစစ်ဆေးမှုတွင် အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ၂၂) မှ စစ်ကောင်စီ တပ်သားတစ်ဦးကို ​တောင်သာပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့က ဖမ်းမိခဲ့သည်။

ဆက်စပ်သတင်းများ