ဇွန်-၂၃၊၂၀၂၅။ကဖေး/People’s Spring
နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာငြိမ်းအေးအိမ်သည် ကင်ဆာရောဂါဖြင့်ဇွန်လ ၂၃ရက် နေ့ခင်းပိုင်းတွင်ကွယ်လွန်သွားသည်။
ကာလရှည်ခံစားနေရသော ကင်ဆာရောဂါကို ကုသနေစဉ် ယနေ့ နေ့လယ် ၁၂နာရီခန့်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ကွယ်လွန်ချိန်၌ အသက် ၆၉နှစ်ရှိပြီဖြစ်သည်။
စာရေးဆရာငြိမ်းအေးအိမ်သည် မြန်မာ့ပို့စ်မော်ဒန်စာပေခေတ်ဦးတွင်ထွက်ရှိခဲ့သော သရဖူမဂ္ဂဇင်း၏ အယ်ဒီတာ၊ ထုတ်ဝေသူတစ်ဦးဖြစ်သည်။ ထွက်ရှိခဲ့သော စာအုပ်များအနက် ဓာတ်ပုံတွေကပြတဲ့ အော်ပရာ၊ညှို့ငင်တောင်၊သိမ်းထုပ်ထားတဲ့ လွင်ပြင်ကျယ်၊အဝါရောင်ဆောင်းရက်များ၏ မိုးစက်ပုံပြင်၊ အတွေးတိမ်တိုက် သက္ကရာဇ်မြင်း နေ့ဟောင်းမျှော်စင် နှင့် ဝါကျများကိုဖွင့်ကြည့်ပါစာအုပ်များသည် ထင်ရှားသည်။

Public Service Announcement
စာပေလောကနှင့် မိတ်ဆွေအသိုင်းအဝိုင်းကြားတွင် ဆရာငြိမ်း၊ ကိုငြိမ်းအဖြစ် ခေါ်ကြပြီးလူငယ်စာဖတ်ပရိတ်သတ်များကလည်းချစ်ခင်လေးစားသူတစ်ဦးဖြစ်သည်။
“သွားနှင့်ပါညီချစ်။တတိယကမ္ဘာစစ်ကို မှီမသွားဘူးနော် တဲ့ –မင်းအမ က။သူက တို့ထက် တိုက်ပွဲတွေအများကြီးမီခဲ့ပါတယ်လို့ ပြန်ပြောမိတယ်” ဟု ငြိမ်းအေးအိမ်၏ မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စာရေးဆရာများထဲမှ ညီပုလေး ၊ကြည်မင်း၊ သိုက်ထွန်းသက်၊ မေမောင်၊မောင်ခင်မင်(ဓနုဖြူ)၊ ရွှေရိုး(မန္တလေး)၊မန္တလေး မောင်အောင်ခင်၊မောင်မှိုင်းလွင်(အင်းဝ)၊ ကြည်ဇော်အေး၊ မောင်ပေါ်ထွန်း၊ မောင်သာနိုး၊ ညီစေမင်း၊ အကြည်တော် စသည့်စာရေးဆရာ၊ကဗျာဆရာတို့ကွယ်လွန်ခဲ့သည်။

















































