Connect with us

Hi, what are you looking for?

သတင်း

ကော့သောင်းထောင်မှာ နိုင်ကျဥ်းတဦး လုံလောက်တဲ့ ဆေးကုသမှုမရလို့ကျဆုံး

PPNM စာရင်း​တွေအရ ​ထောင်အတွင်းလုံ​လောက်စွာ​ဆေးကုသခွင့်မရလို့ ​ခြောက်လအတွင်းနိူင်ကျဥ်း ၁၃ ဦးကျဆုံး

ကော့သောင်းအကျဥ်းထောင်ကို တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဇွန် -၃၀၊၂၀၂၅။ဇေအောင်/People’s Spring

ကော့သောင်းအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတဦးလုံလောက်တဲ့ဆေးကုသမှုမရလို့ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ(၂၆)ရက် ည ၇ နာရီခန့်ကကော့သောင်းအကျဥ်းထောင်မှာ နိုင်ငံရေးပုဒ်မနဲ့အကျဥ်းချခံထားရတဲ့ အသက်(၅၄)နှစ်အရွယ် ဦးအေးလွင်ဆိုသူဟာ နာမကျန်းဖြစ်ခဲ့ကြောင်း၊ သူ့ကို ထောင်တွင်းကနေ နှစ်မိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့ပေမဲ့ အချိန်နဲ့ တပြေးညီ လုံလောက်တဲ့ ဆေးဝါးကုသမှု မရရှိခဲ့လို့ ဆေးရုံမှာ ကျဆုံးခဲ့ကြောင်း PPNMက ထုတ်ပြန်ပါတယ်။

“ဘာရောဂါနဲ့ ကျဆုံးတယ်ဆိုတာ စုံစမ်းနေဆဲပါ။ လုံခြုံရေးတင်းကြပ်လို့ သတင်းရရှိရေးအခက်အခဲရှိနေလို့ ဖော်ထုတ်ရတာတောင် အခက်အခဲရှိနေတယ်ဆိုတာပါ ပြောလိုပါတယ်။”လို့ PPNMရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ(၂၇)ရက်နေ့ကလည်းမန္တလေး၊အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ အသက် (၆၉) နှစ်အရွယ် မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးဆိုသူဟာ ပန်းနာရင်ကြပ်‌ရောဂါနဲ့ အမောဖောက်ရောဂါတွေကြောင့် ကျဆုံးသွားခဲ့ကြောင်း၊ အရေးပေါ်ဖြစ်နေတဲ့အချိန်မှာ ပြင်ပဆေးရုံပို့ပြီး အချိန်မီ ဆေးကုသမှုမရလို့ ကျဆုံးခဲ့တယ်လို့ PPNMက အသိပေးခဲ့ပါတယ်။

PPNM ရဲ့စောင့်ကြည့်မှုအရအကျဥ်းထောင်တွေထဲမှာဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရလို့၂၀၂၅ ခုနှစ်ဇန်နဝါရီလကနေ ဇွန်လ(၃၀)ရက်​နေ့အထိ နိုင်ငံ​ရေးအကျဥ်းသား(၁၃)ဦးကျဆုံးခဲ့ကြောင်းသိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement က​ကြေညာပါတယ်။