Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ပြန်တော်လှန်လိုသည့် အောင်ဇေယျ စစ်ဆင်ရေးမှ ထွက်ပြေးလာသူများကို KNU ပူးပေါင်းတပ် သင်တန်းပေး

ကရင်ပြည်နယ် မြ၀တီ အာရှလမ်းပိုင်းကိုပြန်လည်စိုးမိုးထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေးမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများအနက် စစ်ကောင်စီကို ပြန်တော်လှန်လိုသူများကို ကရင်အမျိုးသားအစည်းအရုံး(KNU)ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်က သင်တန်းပေးခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏ အောင်ဇေယျမှ အလင်း၀င်သော ရဲဘော်များအား သင်တန်းပို့ချအပြီး တွေ့ရစဥ်။ ဓာတ်ပုံ - Saw Saay

ဇူလိုင်-၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်ပြည်နယ် မြ၀တီ အာရှလမ်းပိုင်းကိုပြန်လည်စိုးမိုးထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေးမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများအနက် စစ်ကောင်စီကို ပြန်တော်လှန်လိုသူများကို ကရင်အမျိုးသားအစည်းအရုံး(KNU)ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်က သင်တန်းပေးခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်လာသည့် အောင်ဇေယျ စစ်ဆင်ရေးမှ စစ်ကောင်စီတပ်သားများအနက် ဦးရေ ၂၀ကျော်ကို ယမန်နေ့(ဇူလိုင် ၂ရက်)က စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“သိရသလောက်တော့ သူတို့ ဒီဘက်ကို ပြေးလာတော့ စကစ ပြန်တိုက်ချင်တဲ့ ဆန္ဒရှိလို့ ဒီကနေတဆင့် သူတို့ကို သင်တန်းပေးတာပေါ့။ စစ်သင်တန်းက ထုံးစံအတိုင်းပေါ့။ ဟိုမှာ သူတို့ သင်တန်း တက်ထားပြီးသားထင်တယ်။ ဒါပေမဲ့ ဒီဘက်က သင်တန်းလည်း ပြန်တက်ရတာပေါ့။ နိုင်ငံရေး အခြေအနေတွေ ဘာတွေရှင်းပြမှာပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အောင်ဇေယျ စစ်ဆင်ရေးမှ အလင်းဝင်လာသူများအနက် စစ်ကောင်စီကို ပြန်တော်လှန်ရန် ဆန္ဒပြုသူများကိုသာ သင်တန်းပေးခြင်းဖြစ်သည်ဟုလည်း ပြောပြသည်။

“အယောက် ၂၀ကျော်တယ် မနေ့က။ သင်တန်းက မနေ့က ပိတ်ပွဲ။ ကျနော် ထင်တာ သူတို့က တခါပေးပြီးပြီ။ ဒါက ဒုတိယအကြိမ်” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၂ရက်က ပြုလုပ်ခဲ့သည့် အောင်ဇေယျ အပတ်စဉ် သင်တန်းဆင်းပွဲ မှတ်တမ်းဓာတ်ပုံကိုလည်း ကရင်သတင်းရင်းမြစ်အချို့က ဖော်ပြခဲ့ရာ သင်တန်းကို အထူးတိုင်း ဗျူဟာ အမှတ်(၃၂)က သင်တန်းပေးခြင်းဖြစ်သည်ကို တွေ့ရသည်။ ကော်ဘရာ စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Venom စစ်ကြောင်းတို့ ပါဝင်သည့် တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ(၃) ဗျူဟာ (၃၂) စစ်ကြောင်းများသည် အောင်ဇေယျ စစ်ဆင်ရေး အပါအဝင် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် တပ်များဖြစ်သည်။

ယခု သင်တန်းဆင်းပွဲနှင့်ပတ်သက်ပြီး မေးမြန်းရန် ဗျူဟာ(၃၂) စစ်ကြောင်းအချို့၏ တာဝန်ရှိသူအချို့ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။ ဗျူဟာ (၃၂) သည် ၂၀၂၄ ခုနှစ်က စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း ၉၀နီးပါး ဖြစ်ခဲ့ပြီး စစ်ကောင်စီ၏ တပ်ရင်း(၃)ရင်း၊ ဗျူဟာ ၁ဗျူဟာ ၊ ကာကင်းစခန်းငယ် ၁၁ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော် သေဆုံးခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသက ယခု နှစ်ဆန်းတွင် အသိပေးထားသည်။

KNU ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်က ၂၀၂၄ နှစ်ဆန်းပိုင်းတွင် သင်္ဃန်းညီနောင်ရှိစစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်များဖြစ်သော ခမရ(၃၅၅)၊ (၃၅၆)၊ (၃၅၇) တပ်ရင်းသုံးရင်း၊ သင်္ဃန်းညီနောင် စစ်ဗျူဟာ တို့ကို သိမ်းပိုက်ပြီးနောက် အာရှလမ်းမကြီးကို ထိန်းချုပ်ခဲ့ရာ စစ်ကောင်စီက အဆိုပါနေရာများပြန်လည်ရယူနိုင်ရေး နိုင်ငံတော်အဆင့် စစ်ဆင်ရေး အောင်ဇေယျကို ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

အာရှလမ်းကို ရက်ပိုင်းအတွင်း ပြန်ထိန်းချုပ်ရန် ရည်ရွယ်ပြီး လေကြောင်း ပစ်ကူ၊ စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း KNU ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် အောင်ဇေယျ စစ်ဆင်ရေး ရှေ့မတိုးနိုင်ဘဲ တစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်သားအများအပြား KNLA ထံ အလင်းဝင်ခဲ့ကြသည်။ အလင်းဝင်လာသူ အများစုမှာ စစ်ကောင်စီတပ်က အဓမ္မစုဆောင်းပြီး ရှေ့တန်းသို့ပို့ဆောင်ခံရသည့် ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံတဝန်း တိုက်ပွဲများ၌ အထိနာလျက်ရှိရာ လူငယ်များကို နည်းမျိုးစုံဖြင့် စစ်သားစုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်များ၌ အသုံးချနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook