Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက စမတ်ကတ်ထုတ်ပေးတာကို ယာယီရပ်နားထား

စမတ်ကတ်လို့ လူသိများတဲ့ Unique Identification Number (UID) ထုတ်ပေးတာကို အဆင့်မြှင့်တင်ဖို့အတွက် ဒီနေ့ (ဇူလိုင် ၄ ရက်) ကစတင်ပြီး ယာယီရပ်နားထားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ လဝက ဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

ဓာတ်ပုံ - MOI

ဇူလိုင် – ၄ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

စမတ်ကတ်လို့ လူသိများတဲ့ Unique Identification Number (UID) ထုတ်ပေးတာကို အဆင့်မြှင့်တင်ဖို့အတွက် ဒီနေ့ (ဇူလိုင် ၄ ရက်) ကစတင်ပြီး ယာယီရပ်နားထားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ လဝက ဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

စနစ်ပိုင်းဆိုင်ရာ ပြင်ဆင်တာ ၊အဆင့်မြှင့်တင်ဖို့အတွက် စမတ်ကတ်ထုတ်ပေးတာကို ယာယီရပ်နားမှာ ဖြစ်တာကြောင့် မြို့နယ် လဝက ရုံးတွေမှာ စမတ်ကတ်ပြုလုပ်ပေးနေတာတွေကိုလည်း ဆိုင်းငံ့ထားမယ်လို့သိရပါတယ်။

ရပ်နားထားမယ့် ကာလ အပိုင်းအခြားကိုမဖော်ပြထားဘဲ ပြန်လည်စတင်မယ့် ထပ်မံကြေညာပေးမယ်လို့ စစ်ကောင်စီ လဝက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် လူတစ်ဦးရဲ့ ဇီဝ အချက်အလက်တွေကောက်ခံပြီး Unique Identification Number (UID) ထုတ်ပေးတာကိုစစ်ကောင်စီက ပြုလုပ်ခဲ့တာပါ။

UID ကတ်အတွက် ဇီဝ အချက် အလက် ကောက်ခံရာမှာတော့ လူတစ်ဦးချင်းစီရဲ့ မျက်နှာသွင်ပြင် ၊ မျက်ဝန်း ၊ လက်ဗွေ တို့ကို ဒီဂျစ်တယ် နည်း နဲ့ မှတ်တမ်းရယူတာဖြစ်ပါတယ်။

ဒါအပြင် UID ကတ်ရှိမှ နိုင်ငံကူးလက်မှတ် ၊ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ထုတ်ပေးတာ ၊ ပြည်ပ အလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေးတဲ့ နည်းနဲ့ စစ်ကောင်စီက UID လုပ်ဖို့ ဖိအားပေးထိန်းချုပ်ထားပါတယ်။

အခုနောက်ပိုင်းမှာတော့ ပင်စင်စားဝန်ထမ်းတွေကိုလည်း ပင်စင်လစာ ထုတ်ရာမှာ UID ကတ်ပါမှ ထုတ်ပေးတော့မယ်ဆိုတာကို သတ်မှတ်လာတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ UID ကတ်ပြုလုပ်ရာကနေ ရရှိလာတဲ့အချက်အလက်တွေ ကိုစုစည်းပြီး လူပုဂ္ဂိုလ်စိစစ် စောင့်ကြည့်စနစ် ( Person Scrutinization and Monitoring System) နဲ့ တိုက်ဆိုင်စစ်ဆေး ဖမ်းဆီးတာတွေကို စစ်ကောင်စီက ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ မေလ တတိယပတ်အတွင်း ရှမ်းပြည်နယ် မှာ အသက် ၂၅ နှစ်ဝန်းကျင်အမျိုးသမီး ၂ ဦးကို PSMS စနစ်နဲ့တိုက်ဆိုင်စစ်ဆေးရာမှာ တရားခံပြေး ၂ ဦးဖြစ်နေတယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ဝေထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ကျုံဒိုး - ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် စစ်ကြောင်း လန်ကျပြီး အထိနာနေတယ်လို့ ကော့ကရိတ်ဒေသက PDFစစ်ကြောင်းမှူးတစ်ဦးက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်တွင်းရှိ တပ်သားများအနေဖြင့် စိတ်ဓာတ်ပိုင်းပျက်နေပြီးတော်လှန်ရေးရဲဘော်များဘက်က စိတ်ဓာတ်ပိုင်းဆိုင်ရာအသာစီးရထားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)ထံ ဘက်ပြောင်းလာသည့် ဗိုလ်ကြီးမျိုးဆွေဦးက ပြောကြားသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် နယ်မြေချဲ့အထိုင်ချထားသည့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ ကင်းစခန်းကို တိုက်ခိုက်ခဲ့ကြောင်း ကသာခရိုင်အမှတ်(၄)တပ်ရင်းက ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး ယနေ့(ဇူလိုင် ၁၆)တွင်လည်း စစ်ကောင်စီက လေကြောင်းမှ အပြင်အထန်ဗုံးကြဲတိုက်ခိုက်နေသည်။