Connect with us

Hi, what are you looking for?

သတင်း

အငြိမ်းစား ပင်စင်စားဝန်ထမ်းတွေကို စစ်ကောင်စီက Smart Card လုပ်ခိုင်းနေ

ပင်စင်ထုတ်မယ့်အငြိမ်းစားဝန်ထမ်းတွေကို စစ်ကောင်စီက လဝကရုံးသွားပြီး Smart Card လုပ်ခိုင်းနေပါတယ်။

ပင်စင်လစာထုတ်ယူနေကြသော ပင်စင်စား သက်ကြီးရွယ်အိုများအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဇူလိုင်-၉၊၂၀၂၅။ဇေအောင်/People’s Spring

ပင်စင်ထုတ်မယ့်အငြိမ်းစားဝန်ထမ်းတွေကို စစ်ကောင်စီက လဝကရုံးသွားပြီး Smart Card လုပ်ခိုင်းနေပါတယ်။

အ​ငြိမ်းစားတွေရဲ့ပင်စင်လစာတွေကို လိမ်လည်ထုတ်ယူတာတွေ မလုပ်နိုင်ဖို့နဲ့ လူပုဂ္ဂိုလ်မှန်ကန်မှု ရှိာမရှိ စိစစ်နိုင်ဖို့ သက်ဆိုင်ရာ လဝကရုံးတွေမှာ Smart Card သွားလုပ်ကြဖို့ စစ်ကောင်စီရဲ့ မြန်မာ့စီးပွားရေးဘဏ်က ကြေညာပါတယ်။

Smart Card ရလာရင်လည်းဘဏ်ကိုမိတ္တူယူဆောင်လာဖို့ မြန်မာ့စီးပွားရေးဘဏ်က အသိပေးပါတယ်။ ပင်စင်စားတွေဟာ သက်ကြီးရွယ်အိုတွေဖြစ်တာကြောင့် ဘဏ်ကိုတောင် ကိုယ်စားလွှတ်ရတာတွေရှိနေပြီး လဝကရုံးကို သွားဖို့ အခက်အခဲရှိတယ်လို့ ပင်စင်စားရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ပင်စင်စားတွေကို သက်သက်ဒုက္ခပေးတာ။ အသက် ၈၀ ကျော် ၉၀ ကျော်တွေ အိပ်ရာထဲလဲနေတာ လက်မှတ်တောင်မထိုးနိုင်တဲ့သူတွေရှိတယ်။ ဘယ်လိုလုပ် Smart Card သွားလုပ်ရမလဲ”လို့ ပင်စင်စားမိဘရဲ့ သားတစ်ဦးက ပြောပါတယ်။

လက်တလော Smart Card မရသေးလည်း ပင်စင်လစာထုတ်​ပေးမယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့စီးပွားရေးဘဏ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ Smart Card လုပ်ပေးတာကို စစ်ကောင်စီက တရက်ခန့်ရပ်နားပြီး အခုတော့ ပြန်လုပ်ပေးနေပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက သူတို့စိုးမိုးရာ​ဒေသတွေမှာ Smart Card တွေ ပြုလုပ်ပေးနေပြီး မျက်လုံးနဲ့ လက်ဗွေပါ Scan ဖတ်ယူလိုက်တာကြောင့် ပြညွသူ​​တွေရဲ့ အချက်အလက်​တွေကို နည်းပညာနဲ့ ပါ ထိန်းချုပ်လိုက်တာဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူတွေက မှတ်ချက်ပြုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။