Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်-ရေးလမ်းပိုင်း၌ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ကလေးများအပါအဝင် မိသားစုဝင် ၄ဦးသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်-ရေးလမ်းပိုင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် ၃ဦးအပါအဝင် မိသားစုဝင် ၄ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးပဒိုစောအယ်နားက ပြောသည်။

စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ထိခိုက်သေသုံးများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဇူလိုင်-၉၊ ၂၀၂၅။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်-ရေးလမ်းပိုင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် ၃ဦးအပါအဝင် မိသားစုဝင် ၄ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးပဒိုစောအယ်နားက ပြောသည်။

ဇူလိုင် ၈ရက်ညနေပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူသေဆုံးထိခိုက်အခြေအနေကို KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်က ကရင်ဘာသာဖြင့်သတင်းထုတ်ပြန်ခဲ့ရာ ပဒိုစောအယ်နားက ယခုကဲ့သို့ ရှင်းပြသည်။

” စကစ ခလရ(၂၈၂)သူတို့က လက်နက်ကြီးပစ်တယ်။ လက်နက်ကြီးပစ်တော့ အဲဒီလမ်းဘေးမှာရှိတဲ့ မိသားစုတစုအိမ်ကိုကျတယ်။ အဲဒီမိသားစုကအဖေတယောက်ဆုံးတယ်။ ပြီးတော့ သမီး ၁၁နှစ်လည်း ဆုံးတယ်။ နောက် သမီး ၂နှစ်ခွဲဆုံးတယ်။ ပြီးတော့ ယောက်ကျားလေး ၁နှစ်ခန့်လည်းဆုံးတယ်။ သူ့အမျိုးသမီးကတော့ ဒဏ်ရာရတယ်”ဟု ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဘာဖြစ်လို့ ပစ်တာလည်းဆိုတော့ ကျနော်တို့ သွားမတိုက်ပါဘူး။ ကျနော်တို့ အဲဒီ ဂွင်တလျှောက် မှာ လှုပ်ရှားမှုကို သူတို့ သတင်းရလို့ သူတို့ လက်နက်ကြီးလျှောက်ထုတာပေါ့။ အဲဒီ လက်နက်ကြီးကျတဲ့နေရာက ကောက်လှိုင်းနဲ့ မရမ်းချောင်း ကြားမှာရှိတဲ့ ရာဘာခြံတခြံ” ဟု ပဒိုစောအယ်နားက ပြောသည်။

မြိတ်-ထားဝယ်ခရိုင်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုမကြာခဏ ပြုလုပ်နေ၍ ကလေးငယ်များ အပါအဝင် ပြည်သူများစွာသေဆုံးထိခိုက်နေကြရကြောင်း KNU က အသိပေးထားသည်။

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက် လုပ်ရပ်များအပေါ် ဝမ်းနည်းကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ဖော်ပြကာ စစ်အာဏာရှင် ဆက်လက်တွန်းလှန်သွားမည်ဟု အသိပေးထားသည်။

စစ်ကောင်စီသည် စစ်ရေးအရအထိနာသည့် နယ်မြေဒေသများတွင် ပြည်သူလူထုများကို ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီသည် ဇူလိုင် ၅ရက်ကလည်း တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ် တောကြောင်ပေါက်ရွာစာသင်ကျောင်းကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် ၂ဦး အပါအဝင် ပြည်သူ ၆ဦး သေဆုံးခဲ့ရသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU ဗဟိုက အသိပေးထာသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။