ဇူလိုင်-၉၊၂၀၂၅။ဇော်ရမ်း/People’s Spring
TNLA က ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကိုစစ်ကောင်စီက ယနေ့ည ၈နာရီ ၁၈မိနစ်၌လေကြောင်းမှထပ်မံဗုံးကြဲသည်။
မိုးကုတ်မြို့အရှေ့ပိုင်းနှစ်နေရာကို ဂျက်ဖ်ိုက်တာဖြင့်ဗုံးကြဲခြင်းဒေသခံများကပြောသည်။ ညပိုင်းပြင်ပသို့မထွက်ရဲ၍ ထိခိုက်မှုအခြေအနေကို မသိရသေးဟုဒေသခံအချို့ကပြောသည်။
မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကောင်စီတပ်မှဂျက်ဖိုက်တာဖြင့်ဗုံးများလာရောက်ကြဲချပစ်ခတ်တိုက်ခိုက်သွားပြီး ဖြစ်စဥ်အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်မည်ဟု TNLAကလည်းဇူလိုင် ၉ ရက်ညတွင်ထုတ်ပြန်သည်။

Public Service Announcement
ယနေ့ညသည် ဝါဆိုလပြည့်ညဖြစ်ပြီး ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှုအရ လူအများအပြား ကုသိုလ်ယူကြသည့် အခါကြီးရက်ဖြစ်သည်။
“လပြည့်ညကြီး ဗုံးကြဲတာ။ ကြဲသူတွေ၊ အမိန့်ပေးသူတွေ အိမ်ပြန်မလှပါစေနဲ့”ဟု မြို့ခံလူငယ်တဦးက ဆိုသည်။
စစ်ကောင်စီသည် မိုးကုတ်မြို့ကို ၂ ရက်ဆက် ဗုံးကြဲခြင်းဖြစ်သည်။ ဇူလိုင် ၈ ရက်နေ့ နံနက် ၉နာရီ၃၅မိနစ်ခန့်ကလည်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ ကိုယ်ပိုင်အထက်ပိုင်းကျောင်းအနီးကို စစ်ကောင်စီကပေါင် ၅၀၀ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ သုံးဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိ ခဲ့သည်။
နောင်ချိုမြို့အပါအဝင် တအာင်းတပ်မတော်(TNLA)ထိန်းချုပ်မြို့နယ်များကို စစ်ကောင်စီကလေကြောင်းမှ မကြာခဏတိုက်ခိုက်နေသည်။
လေကြောင်းတိုက်ခိုက်မှုများကြောင့်တစ်ဖက်သတ်အပစ်ရပ်စဲထားမှုကို ရုတ်သိမ်းလိုက်ပြီဟု TNLAက ထုတ်ပြန်ထားသည်။စစ်ရေးသတိအမြဲရှိရန်နှင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် ဒေသခံများအားTNLAက သတိပေးထားသည်။


















































