Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းက စစ်ရှောင်ဘုန်းကြီးကျောင်းဗုံကြဲခံရမှု ကနဦးစာရင်းအရ ကလေးငယ်သုံးဦးအပါအဝင် ပြည်သူ ၂၂ဦး သေဆုံး၊ ၅၀ကျော် ဒဏ်ရာရ

စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာရဲ့ စစ်ဘေးရှောင်တွေရှိနေတဲ့ သစ္စဝါဒီကျောင်းတိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်သုံးဦးအပါအဝင် အနည်းဆုံး ပြည်သူ ၂၂ ဦး သေဆုံးပြီး ၅၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သစ္စဝါဒီဘုန်းကြီးကျောင်း ပျက်စီးနေမှု။ ဓာတ်ပုံ - SYP

ဇူလိုင်-၁၁၊၂၀၂၅၊မေ၊/People Spring

စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာရဲ့ စစ်ဘေးရှောင်တွေရှိနေတဲ့ သစ္စဝါဒီကျောင်းတိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်သုံးဦးအပါအဝင် အနည်းဆုံး ပြည်သူ ၂၂ ဦး သေဆုံးပြီး ၅၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁၁ရက် ဒီကနေ့ မနက် ၁နာရီဝန်းကျင်မှာ လင်းတလူကျေးရွာက သစ္စဝါဒီဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် သုံးဦးအပါအဝင်ဒေသခံအမျိုးသား ၇ဦး၊အမျိုးသမီး ၁၅ဦး စုစုပေါင်း ပြည်သူ ၂၂ဦး သေဆုံးခဲ့တာလို့ နေခင်းပိုင်းအထိ ကောက်ယူရရှိထားတဲ့ စာရင်းအရသိရပါတယ်။

ကနဦးသေဆုံးစာရင်း။ ဓာတ်ပုံ – ပေးပို့

“စစ်ရှောင်တွေ အများကြီးရှိတဲ့ ဘုန်းကြီးကျောင်းကို လာကြဲသွားတာ။ဒဏ်ရာပြင်းထန်တာတွေလည်းရှိတယ်။တော်တော်ကိုဆိုးဆိုးရွားရွားပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်​ရှောင်​တွေဘုန်းကြီး​ကျောင်းထဲစု​ဝေးအိပ်​နေကြချိန် ဗုံးကြဲခံရတာ​ကြောင့် ​သေဆုံးဒဏ်ရာရသူ​တွေများခဲ့တာဖြစ်တယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။ဒါအပြင် ဇူလိူင် ၁၁ ရက်​နေ့ခင်းပိုင်းအထိ ​​ရှာ​ဖွေ​ရေး​တွေလုပ်လို့မပြီး​သေးတာ​၊ ဒဏ်ရာပြင်းထန်သူ​တွေရှိတာကြောင့် သေဆုံးသူအ​ရေအတွက်​တွေဟာတိုးလာနိုင်တယ်လို့ လည်းရှာ​ဖွေ​ရေး ကယ်ဆယ်​ရေးလုပ်​ပေး​နေသူအချို့က​ပြောပါတယ် ။

စစ်တပ်ဗုံးကြဲလို့ ​သေဆုံးသူ​တွေဟာကနဦးစာရင်း​တွေအရ ​ပုဂံတူရွာက မရွှန်းလဲ့ထွန်း ၊မခိုင်သဇင် ၊မသင်းသင်းခိုင် ၊မတင်မျိုး​ဆွေ ၊မမီစိုး ၊မ​အေး​အေးသင်း၊မခင်ခင်​ချော ၊​ဒေါ်​မော်ကြီး ၊​ဒေါ်ပြာကြီး ၊ကိုစိုင်းမင်းခန့် ၊ကိုလှိုင်မင်းခန့် ၊ကိုထွန်းထွန်းနိုင် ၊ကိုမြင့်နိုင် နဲ့ ​ကျော်​ဇေယျရွာက မ​အေးမြတ်​မော် ၊မတင်မျိုးကြည် ၊မကြည် ၊မလှိုင် ၊ ​ဒေါ်ခင်​လေး၊ မသီိစန္ဒာ ၊​မောင်​ဝေဖြိုး ၊ကိုလင်း ၊ကိုခင်​မောင်လွင် တို့ဖြစ်ပါတယ်။ အဲဒီအထဲမှာ ​မောင်​​ဝေဖြိုးက အသက် ၈ နှစ် ၊ ​မောင်စိုင်းမင်းခန့် က အသက် ၁၀ နှစ် ၊ ​မောင်လှိုင်မင်းခန့်က အသက် ၁၂ နှစ် အရွယ် က​လေးငယ်​တွေဖြစ်ပါတယ် ။

စစ်ကိုင်းမြို့နယ် အုန်းတောရှိ တင့်ကားတပ်ရင်း(၆၀၀၅)ကနေ စစ်ကြောင်းတွေထိုးနေတာမို့ အဲဒီတ ကြောက ကျော်ဇေယျာ၊ပုဂံတူ၊သစ်ချိုကုန်း၊ရုံးပင်ကန်၊ဆင်ပြေ၊ဒေါင်းမ၊မအူပင်၊ညောင်ကုန်း၊သပြေပင်၊တဲကြီး၊သလွန်ဖြူ ၊ဆင်မြေစတဲ့ကျေးရွာတွေက ဒေသခံတွေဟာ သစ္စဝါဒီဘုန်းကြီးကျောင်းမှာ လာရောက်စစ်ရှောင်နေတာ ရက်၂၀ နည်းပါးရှိပြီလို့ သိရပါတယ်။

လေကြောင်းတိုက်ခံရမှုအတွင်းမှာ ပုဂံတူကျေးရွာက အများဆုံး သေဆုံးခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။