Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်၍ ပြည်သူတစ်ဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ

နှစ်ပတ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူခြောက်ဦးသေဆုံး၊ ၃၀ ဒဏ်ရာရ၊ နေအိမ် ၅၀ ပျက်စီး

ကျောက်မဲမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

ဇူလိုင် – ၁၁၊၂၀၂၅။ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီက ထပ်မံလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား တစ်ဦးသေဆုံးကာ ၅ဦးဒဏ်ရာရခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၁၁ရက်) နံနက် ၃နာရီတွင် ကျောက်မဲမြို့ရှိ ကော်လီဟိုတယ်၊ မြို့မရဲစခန်းနှင့် ခရိုင်ရဲရုံး နေရာများကို စစ်ကောင်စီ လေတပ်က ဗုံး ၃လုံး ကြဲချတိုက်ခိုက်ခဲံခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦးနှင့် အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် လေးလုံး ထိမှန်ပျက်စီးခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ယခု ဇူလိုင်နှစ်ပတ်တာအတွင်း ကျောက်မဲမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု လေးကြိမ် ပြုလုပ်ခဲ့သည်။ ကျောက်မဲသာမက နောင်ချိုမြို့နယ်ရှိ သုံးဆယ်ရွာ၊ မိုးကုတ်နှင့် သီပေါမြို့နယ်များကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည်။

ယမန်နေ့က မိုးကုတ်မြို့ ပန်မထိပ်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ဦး သေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့သည်။

ကျောက်မဲနှင့် မိုးကုတ်မြို့အပါအဝင် TNLA သိမ်းပိုက်ထားသည့် မြို့ရွာများကို လေကြောင်း တိုက်ခိုက်မှုများ စစ်ကောင်စီက ဆက်တိုက်ပြုလုပ်ခဲ့ရာ နှစ်ပတ်အတွင်း လေကြောင်း တိုက်ခိုက်မှုများကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၆ဦးသေဆုံးကာ ကလေးငယ်များအပါအဝင် ပြည်သူ ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

ထို့ပြင် နေအိမ် (၅၀)လုံး၊ စာသင်ကျောင်း တစ်ကျောင်း၊ ဘုန်းကြီးကျောင်း လေးကျောင်းလည်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကောင်စီသည် TNLAနယ်မြေသာမက နိုင်ငံတဝန်းတော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်ရာ နယ်မြေများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူ အစုလိုက်၊ အပြုံလိုက် သေဆုံးထိခိုက်ခဲ့ရမှုများ ထပ်မံဖြစ်ပေါ်ခဲ့သည်။

ယနေ့ (ဇူလိုင် ၁၁ရက်) မနက်အစောကလည်း စစ်ကိုင်းမြို့နယ်ရှိ စစ်ရှောင်များနေထိုင်ရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်သုံးဦးအပါအဝင် ပြည်သူ ၂၂ဦးသေဆုံးပြီး ၅၀ကျော် ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် သေဆုံးထိခိုက်ရသူ အများစုမှာ ပြည်သူလူထုများဖြစ်ပြီး စစ်ကောင်စီ၏ လုပ်ရပ်သည် လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ယနေ့ ပြောသည်။

စစ်ကောင်စီသည် KNU မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူလူထုကို ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ဇူလိုင် ၈ရက်က စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ရေဖြူမြို့နယ်တွင် ကလေးငယ် သုံးဦးအပါအဝင် မိသားစုဝင်လေးဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Facebook