Connect with us

Hi, what are you looking for?

သတင်း

အထိနာနေသည့်စစ်တပ်က ဖားကန့်တိုက်ပွဲအတွင်း လေကြောင်းမှ ဗုံးကြဲ

တိုက်ပွဲအတွင်းသေဆုံးသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအလောင်းကို စစ်တပ်က ကားပေါ်မှ ကန်ချထွက်ပြေး

ဖားကန့်မြို့နယ်အား ယနေ့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် လေယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၁၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီက ယနေ့(ဇူလိုင် ၁၃ရက်) ည‌နေ ၅နာရီ ခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အမှိုက်ပုံကျေးရွာနှင့် မှော်မောင်းကုန်းကို ဗုံးငါးလုံးထက်မနည်းကြဲခဲ့ခြင်းဟု ဒေသခံအချို့ကပြောသည်။

တိုက်ပွဲပြင်းထန်နေ၍ ကချင်လါတ်လပ်ရေးတပ်မတော်(KIA)၊ကချင်ဒေသကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်က လေကြောင်းအန္တရာယ်သတိပေးထားစဉ် စစ်ကောင်စီက ဗုံးကြဲခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

သို့သော် မြေပြင်အခြေအနေအသေးစိတ်ကို မသိရှိရသေးပေ။

ဖားကန့်တွင် ဇူလိုင် ၁၀ရက်ကစ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး ယမန်နေ့ (ဇူလိုင်၁၂ရက်)ညက တိုက်ပွဲအတွင်း အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။

တစ်ဦးသည် အရပ်သားဖြစ်ပြီး နောက်တစ်ဦးမှာ စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် အမှိုက်ပုံကျေးရွာဥက္ကဌ မင်းစိုးဦးဖြစ်ကြောင်း ဒေသခံများကပြောသည်။

မင်းစ်ိုးဦးသည် စစ်ကောင်စီနှင့်အတူ ကားပေါ်တွင်လိုက်ပါလာစဉ် တိုက်ပွဲအတွင်းသေဆုံးသွားခြင်းဖြစ်ပြီး ၎င်း၏ရုပ်လောင်းအား စစ်ကောင်စီက ကားပေါ်မှ ကန်ချပြီး ထွက်ပြေးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အမှိုက်ပုံကျေးရွာ၌ ဇူလိုင် ၁၁ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးခဲ့သလို KIA၊KPDFက ပစ်ခတ်သည့်လက်နက်ကြီးကျည်သည် လက်နက်ခဲယမ်းများထားသည့်နေရာ ကျရောက်ပေါက်ကွဲပြီး အထိအခိုက်များပြားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သို့သော် အမှိုက်ပုံကျေးရွာအနီးတွင် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ် အထိနာနေကာ လေယာဉ်ပစ်ကူခေါ်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားခြင်းဟု သတင်းရရှိသည်။

ဖားကန့်မြို့နယ်တွင် စစ်ရေးဆက်လက် တင်းမာနိုင်၍ ဒေသခံပြည်သူများ လုံခြုံရေးသတိပြုကြရန် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးထားသည်။

ထို့အပြင် လေကြောင်းအန္တရာယ်သတိပြုကြရန် KIA၊KPDFပူးပေါင်းတပ်က လူမှုကွန်ရက်မှတဆင့်သတိပေးနေသည်။

ဖားကန့်ဒေသသို့ စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာသည့် မေလကုန်၊ ဇွန်လဆန်းကစ၍ တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ပြီး ယခုရက်ပိုင်းတိုက်ပွဲများသည် ဖားကန့်မြို့ပေါ်အထိ ရောက်ရှိလာခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အပြင် တိုက်ပွဲမဖြစ်သည့်အချိန်များတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်မှုများရှိခဲ့ပြီး အရပ်သားသေဆုံးသူဦးရေ ၃၀ဦးခန့်ရှိနေပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။