Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုနှင့် မော်ချီးဒေသ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အရပ်သား ငါးဦးထက်မနည်း သေဆုံး၊ ဒဏ်ရာရသူများပြား

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနှင့် မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အရပ်သားငါးဦးထက်မနည်း သေဆုံးကြောင်း ဒေသခံနှင့် တာဝန်ရှိသူများက လူထုနွေဦးသို့ပြောသည်။

ဒီးမော့ဆိုမြို့နယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - CTER-Karenni

ဇူလိုင်-၁၄၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနှင့် မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အရပ်သားငါးဦးထက်မနည်း သေဆုံးကြောင်း ဒေသခံနှင့် တာဝန်ရှိသူများက လူထုနွေဦးသို့ပြောသည်။

ယနေ့(ဇူလိုင် ၁၄ ရက်) နံနက် ၁နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ်ရှိ အရပ်သားဆေးပေးခန်းနှင့် အ ဆောက်အဦးတို့ကို ပေါင် ၂၀၀ ဗုံးများဖြင့် သုံးကြိမ် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့်အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အရပ်သားဆေးခန်းတစ်ခု၊ အဆောက်အဦနှစ်ခုနှင့် ယာဉ်တစ်စီးပျက်စီးခဲ့သည်။

Public Service Announcement

Public Service Announcement

ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင်လည်း မော်ချီး ဒေသ တောင်ပေါ်ရှိ လူနေအိမ်များကို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများရှိကြောင်း သိရသည်။

“နေ့ခင်း ၂နာရီဝန်းကျင်။ ငါးဦးသေတယ်လို့ ကနဦးသိထားပါတယ်”ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ တွဲဖက်အတွင်းရေးမှူးဦးဗညားက ပြောသည်။

မော်ချီးဒေသ လေကြာင်းတိုက်ခိုက်ခံရမှုတွင် ထိခိုက်ဒဏ်ရာရသူများစွာရှိပြီး သေဆုံးသူများ တိုးနိုင်ကြောင်းလည်း အသိပေးထားသည်။

“အကြောင်းမဲ့ လူသတ်တာ ဝါသနာပါတယ်နဲ့တူတယ်။ ကိုယ့်မိသားစုမှမဟုတ်တာ ဘယ်ကိုယ်ချင်းစာမှာလဲ။ဗုံးသုံးလုံးကြဲသွားတာ။ထိတာတော်တော်များတယ် ။နေရာမှာပွဲချင်းပြီး သေတာက ငါးဦး”ဟု မော်ချီးဒေသခံတစ်ဦးက ပြောသည်။

ယခု ဇူလိုင် ၉ ရက်ကလည်း မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲရာ ကလေးငယ်အပါအဝင် ပြည်သူခြောက်ဦး သေဆုံးခဲ့ရသည်။

ယခုရက်ပိုင်း၌ပင် စစ်ကိုင်းမြို့ နယ်၊ဝက်လက် မြို့နယ်၊မြိုင်မြို့နယ်၊မိုးကုတ်၊သ ပိတ်ကျင်း၊မတ္တရာ၊ကျောက်မဲ၊ဘီးလင်းနှင့် မောတောင်မြို့နယ် တို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည် အရပ်သားပြည်သူ ၅၀ နီးပါးရှိသည်။

ယခုနှစ်အတွင်း ကရင်နီပြည်နယ်၌ ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀နီးပါးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး လူမျိုးသုန်းသတ်ဖြတ်မှုအထိ ပစ်မှတ်ထားနေကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ထားသည်။

စစ်ရှောင်စခန်း၊စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများ လေကြောင်းတိုက်ခံရမှုမှ ရပ်တန့်ပေးနိုင်ရန် နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လေယာဥ်ဆီရရှိနေသည့်လမ်းကြောင်းများဖြတ်တောက်ပေးရန် ၊အရပ်သားများအတွက် စစ်မဲ့ဇုန်သတ်မှတ်ပေးရန် နှင့် စစ်ရာဇဝတ်မှုကျူးလွန်နေသည်ကို အရေးယူပေးရန် IECက တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအ၀င် ၁၅ ဦးထက်မနည်းထိခိုက်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။