Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှမြို့နယ်ကို စစ်ကောင်စီဗုံးကြဲ

စစ်ကိုင်းတိုင်းကျွန်းလှမြို့ကိုစစ်ကောင်စီက ယ‌နေ့ ညနေ ၃နာရီ ၄၀မိနစ်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲသွားသည်။

ဇူလိုင် ၆ ရင်​နေ့တွင် စစ်​​ကောင်စီက ကျွန်းလှမြို့နယ်ကိုဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

ဇူလိုင်-၁၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်းကျွန်းလှမြို့ကိုစစ်ကောင်စီက ယ‌နေ့ ညနေ ၃နာရီ ၄၀မိနစ်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲသွားသည်။

ကောလင်းနှင့်ကျွန်းလှမြိုကြားရှိ အင်းယားရှည်ရွာ အနီးကို စစ်​ကောင်စီက ဇူလိုင်လ ၁၄ရက်ရက် ည​နေပိုင်းတွင်၀လေကြောင်းမှတိုက်ခိုက်သွားခြင်းဟု ကောလင်းခရိုင်တပ်ရင်း(၂)က သတင်းထုတ်ပြန်ထားသည်။

“တိုက်ပွဲလုံးဝမဖြစ်ပါဘူးဗျ။ဒီတိုင်းကြီးရုတ်တရက်လာပစ်သွားတာ။ ဗုံးကြဲခံရတဲ့နေရာကို သွားဖို့တော်တော်ဝေးပါတယ်။အထိအခိုက်သတင်းမသိရသေးဘူး”ဟုကောလင်းမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တံတားဦး​ဘေတပ်မှတက်လာ​သော တိုက်​လေယာဥ်တစ်စီးဖြင့် ကျွန်းလှမြို့နယ်အနောက်ခြမ်းတစ်နေရာအား လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကလည်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည်ဇူလိုင်လ၆ရက်နေ့ကလည်းကျွန်းလှမြို့နယ်အတွင်းကိုစစ်​ကောင်စီက ဗုံးကြဲခဲ့ရာ​ရေနံချက်ဖို တစ်ဖို ၊​ရေနံ​ပေပါများ ၊ကားနှင့်ဆိုင်ကယ်များပျက်စီးခဲ့သည်။

ထိုအပြင်ဇွန်လ ၂၀ရက်ကလည်း ကျွန်းလှမြို့နှင့်ဆက်စပ်နေသော ကောလင်းနှင့် ပင်လည်ဘူးမြို့တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ CDM ဆရာမတစ်ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အလှူမဏ္ဍပ် လုပ်ထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်အတွင်းက တကူကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ထိခိုက်မှုရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ပိုင်းကို ယနေ့(စက်တင်ဘာ၂၁ရက်) ညနေ၂နာရီ၁၅မိနစ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်သွားသည်။