Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတလည်ရဲစခန်းက ရဲများ တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ပေါင်းတလည်မြို့ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲများလိုက်ပါလာသည့် ယာဥ်တန်းကို မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲများထိခိုက်သေဆုံးမှုရှိကြောင်း ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။

ပေါင်းတလည်ရဲစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၁၄၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ပေါင်းတလည်မြို့ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲများလိုက်ပါလာသည့် ယာဥ်တန်းကို မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲများထိခိုက်သေဆုံးမှုရှိကြောင်း ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။

ဇူလိုင် ၁၁ရက်နေ့ နေ့လယ် ၂ နာရီခွဲခန့်က ပါက်ခေါင်းမြို့၊ ရေဦးကျေးရွာအနီးတွင် ပေါင်းတလည်မြို့ဘက်သို့ ဆိုင်ကယ်စီများအပါအဝင် Hijet ကားတစ်စီးဖြင့်ပြန်လာသော ရဲ၁၃ ဦးကို PDF ဗျူဟာ(၂၁)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၅)မှ ရှေထွက်မိုင်းကြီး သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် ရဲသုံးဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တပ်ရင်း ၃၆၀၁ က အသိပေးသည်။ ထို့အပြင် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုရှိသော်လည်း ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ဒီကောင်တွေက ပေါင်းတလည်ရဲစခန်းကဗျ။ ပေါက်ခေါင်းမြို့ပေါ်ကို အစည်းအဝေးသွား တက်ပြီးပြန်လာတာလို့ ယူဆရတယ်။ အဲဒီအပြန်လမ်းမှာစောင့်ပြီး မိုင်းဆွဲခဲ့တာ”ဟု တပ် ရင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက လူထုနွေဦးသို့ ပြောသည်။

အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဘက်မှ အင်အားထပ်ဖြည့်ခြင်း၊ စစ် ကြောင်းထိုးခြင်း စသည့်လုပ်ဆောင်မှုများမတွေ့ရဘဲ ငြိမ်နေကြောင်း တပ်ရင်း(၃၆၀၁)က ဆိုသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ခဲယမ်းဖြင့် အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ထိုက်တန်စွာဂုဏ်ပြုပေးနေ၍ အမြန်ဆုံးအလင်းဝင်ကြရန် ပြည်ခရိုင်တပ်ရင်း(၃၆၀၁)က အသိပေးထားသည်။

ဆက်စပ်သတင်းများ