Connect with us

Hi, what are you looking for?

သတင်း

တိသဲလယ်စခန်းကို စစ်​ကောင်စီ ​လေ​ကြောင်းက​နေ အထုပ်​တွေချ​ပေး

မြဝတီမြို့​တောင်ဘက် နယ်စပ်မှာ စစ်တပ်က ​ဝေါ​လေဗျူဟာ နဲ့ တိသဲလယ်ကာကင်းစခန်း နှစ်ခုပဲကျန်တာမှာ ဒီ​နေ့မှာ စစ်​ကောင်စီက တိသဲလယ် စခန်းကို ​လေယာဥ်နဲ့ လက်နက်ခဲယမ်းအထုပ်​တွေ ချ​ပေးပါတယ် ။

စစ်​ကောင်စီတပ်က ​လေ​​ယာဥ်​ပေါ်မှာအထုပ်​တွေချ​ပေးစဥ်။ ဓါတ်ပုံ-Addy

ဇူလိုင်-၁၄၊၂၀၂၅/People’s Spring

မြဝတီမြို့​တောင်ဘက် နယ်စပ်မှာ စစ်တပ်က ​ဝေါ​လေဗျူဟာ နဲ့ တိသဲလယ်ကာကင်းစခန်း နှစ်ခုပဲကျန်တာမှာ ဒီ​နေ့မှာ စစ်​ကောင်စီက တိသဲလယ် စခန်းကို ​လေယာဥ်နဲ့ လက်နက်ခဲယမ်းအထုပ်​တွေ ချ​ပေးပါတယ်။

စစ်တပ်ရဲ့ အခိုင်အမာစခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို KNLA ၊ PDF တပ်​ပေါင်းစုက ဇူလိုင် ၁၂ ရက်မှာ သိမ်းပိုက်ခဲ့ပြီးကျန်​​နေတဲ့စခန်း ၂ ခုကိုလည်းဆက်လက်တိုက်ခိုက်​နေပါတယ်။

စစ်​ကောင်စီတပ်ကလည်း ​ဝေါ​လေဗျူဟာ နဲ့ တိသဲလယ်ကာကင်းစခန်းမကျ​အောင် ​လေ​ကြောင်းက​နေဗုံးကြဲသလို ဇူလိုင် ၁၃ ရက်​နေ့မှာ ကာမီကာ​ဇေ အ​သေခံဒရုန်း​တွေနဲ့ ဗုံးကြဲခုခံခဲ့တယ်လို့ ထိုင်းနယ်စပ်က သတင်း​တွေကရုပ်သံနဲ့တကွ​ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒရုန်းနဲ့တိုက်ခိုက်မှုဟာ ထိုင်းနယ်စပ်နဲ့ မီတာ၆၀၀ (​ပေ ၂၀၀၀ ခန့်)သာကွာ​ဝေးပြီး ထိုင်းဘက်မှာထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ဇူလိုင် ၁၄ ရက်​နေ့ ​ည​နေပိုင်းမှာ​တော့ စစ်​ကောင်စီက ခဲယမ်းနဲ့ ရိက္ခာလို့ယူဆရတဲ့ အထုပ်​တွေကို ​​လေယာဥ်​ပေါ်က​နေ ချ​ပေးခဲ့တယ်လို့ ထိုင်း-မြန်မာနယ်စပ် စစ်​ရေးအ​ခြေအ​နေကို​ဖော်ပြ​ပေး​နေတဲ့ရင်းမြစ်အချို့က ရုပ်သံမှတ်တမ်းနဲ့တကွ​ဖော်ပြပါတယ်။ အထုပ်​တွေ စစ်တပ်ရ၊မရဆိုတာကို​တော့မသိရ​သေးပါဘူး ။

FFD ဒရုန်းတပ်ဖွဲ့ နဲ KNLA ဒရုန်းတပ်ဖွဲ့တို့ကဒရုန်းနဲ့​​ဝေါ​လေဗျူဟာ က လက်နက်သို​လှောင်ရုံကို ဇူလိုင် ၁၁ ရက်မှာဗုံးကြဲလို့ ကြီးမားတဲ့​ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ် ။

KNU စစ်​ရေးသတင်းရင်းမြစ်အချို့က​တော့ကျန်​နေတဲ့ စခန်း ၂ ခုကိုလည်း အပြီးသတ်တိုက်ခိုက်သိမ်းပိုက်မယ်လို့ ​ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။