Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်မှာ စစ်တပ်က ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်​တွေအပါ အဝင် အရပ်သား ၂ ဦး သေဆုံး၊ ၁၁ဦးဒဏ်ရာရ

သပိတ်ကျင်းမြို့နယ် ကျေးရွာနှစ်ရွာကိုလည်း စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်

(မတ္တရာမြို့နယ် ကျောက်စလစ်ကုန်းကျေးရွာကိုစစ်တပ်က ဗုံးကြဲလက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒဏ်ရာရတဲ့ က​လေးငယ်နဲ့အမျိုးသမီးတဦး။ ဓာတ်ပုံ - CJ

ဇူလိုင်-၁၄၊ ၂၀၂၅။ မေ/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာမို့ အရပ်သားပြည်သူ ၂ဦး သေဆုံးကာ ၁၁ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ရက်က မတ္တရာမြို့နယ် ကျောက်စလစ်ကုန်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆နှစ်အရွယ် မောင်ချမ်းမြေ့အောင် သေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီနောက် လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာကို ဒေသခံတွေက ရှင်းလင်းကာ ကူညီ‌ကယ်ဆယ်ရေး လုပ်နေကြချိန် မတ္တရာမြို့အတွင်းက စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အသက် ၇၁နှစ်အရွယ် ဦးခင်မောင် သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“လေကြောင်းတိုက်ပြီး ချက်ချင်း လက်နက်ကြီးတွေနဲ့ ပစ်တာ။ အဲတာကြောင့် အထိခိုက်ပိုများသွားတာ။ စိုးရိမ်ရတဲ့သူတွေလည်းရှိတယ်”လို့ အဲဒီဒေသခံက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေပြီး ဇူလိုင် ၁၂ရက်ညပိုင်းက သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၂ရက် ည ၇နာရီ ၁၈မိနစ်မှာ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၆နှစ်အရွယ် မပြည့်ပြည့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ စစ်ကောင်စီဂျက်ဖိုက်တာကပဲ ည ၇နာရီ၂၂မိနစ်မှာ ဇရပ်ကွင်းကျောင်းရွာကို ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၄နှစ်အရွယ် ဦးဝင်း၊ အသက် ၅၃နှစ်အရွယ် ဦးဆယ်အောင်နဲ့ အသက် ၁၈နှစ်အရွယ် မယွန်းဝတီတို့ ထိခိုက်ဒဏ်ရာတွေရခဲ့ပြီး နေအိမ် ၄လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မိတ္ထီလာက တက်လာတဲ့ ဂျက်ဖိုက်တာပဲ။ အဲဒီလေယာဉ်က နှစ်ခါကြဲသွားတာ။ နေအိမ်တွေပေါ်ပဲ ကြဲသွားတာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကလည်း သပိတ်ကျင်းမြို့နယ် ချောင်းကြီး ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီက သပိတ်ကျင်းမြို့နယ်ကို ၂၀၂၅ခုနှစ်အတွင်း ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ပထမ ၆လအတွင်း အရပ်သားပြည်သူ ၅၀ ဝန်းကျင် သေဆုံးထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။