Connect with us

Hi, what are you looking for?

သတင်း

ကောလင်း၊ သီပေါနှင့် ကနီမြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား နှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြိုနှင့် စစ်ကိုင်းတိုင်း ကောလင်းနှင့် ကနီမြို့နယ်တို့ကို ယ‌နေ့( ဇူလိုင် ၁၄ရက်) ညနေပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား နှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ - Kawlin People Defense Force - KLPDF

ဇူလိုင်-၁၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြိုနှင့် စစ်ကိုင်းတိုင်း ကောလင်းနှင့် ကနီမြို့နယ်တို့ကို ယ‌နေ့( ဇူလိုင် ၁၄ရက်) ညနေပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား နှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသော သီပေါမြို့ကို ယနေ့ ညနေ ၆ နာရီခန့်တွင် ဗုံးကြဲခဲ့ရာ မြို့ပေါ်ရှိ အလှပြင်ဆိုင်နှင့် ဖုန်းဆိုင်အနီး ဗုံးကျရောက်ပေါက်ကွဲသည်။ အလှပြင်ဆိုင်ပိုင်ရှင်အမျိုးသားနှင့် လမ်းသွားလမ်းလာ အမျိုးသား တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင် ၄ ရက်ကလည်း သီပေါမြို့ကို စစ်ကောင်စီက ဗုံးကြဲရာ နေအိမ်အဆောက်အအုံတချို့ပျက်စီးခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကောလင်းမြို့နယ်ကိုမူ ညနေ ၄နာရီ၃၈မိနစ်တွင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားခြင်းဟု ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(KLPDF)က ထုတ်ပြန်ထားသည်။ မြို့အရှေ့ခြမ်းရှိ ဒိုးပင်ရွာအနီးကို ဗုံးကြဲသွားခြင်းဖြစ်ပြီး အရပ်သားအမျိုးသား နှစ်ဦး၊အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် တစ်ဦး ဒဏ်ရာရခဲ့သည်ဟု KLPDFက ထုတ်ပြန်သည်။

ထို့အပြင် ဆီဘောင်ဆာကား၂စီးနှင့် ထမင်းဆိုင် တစ်ဆိုင်လည်း ပျက်စီးခဲ့သည်ဟု ဆိုသည်။

ကောလင်းမြို့ကို ဗုံးမကြဲမီ ညနေ ၃နာရီ ၄၀မိနစ်ခန့်တွင် ကောလင်းနှင့် ကျွန်းလှမြို့နယ်ကြားရှိ အင်းယားရှည်ရွာ အနီးကို လေကြောင်းမှ တိုက်ခိုက်သွားခဲ့သေးသည်။

စစ်ကောင်စီသည် ယနေ့ နေ့လယ်နှင့် ညနေကလည်း စစ်ကိုင်းတိုင်း ကနီမြို့နယ်မှ ချင်းတွင်းမြစ်‌ ဘေးရှိ ကျေးရွာအချို့ကို Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ ကနီမြို့နယ်အတွင်း ဗုံးကြဲမှုကြောင့် ထိခိုက်မှုရှိ၊ မရှိကို မသိရသေးပေ။

ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ဒိုးပင်ရွာအနီး စစ်ကောင်စီ ဗုံးကြဲမှုကြောင့် မီးလောင်နေသည်ကို တွေ့ရစဉ်

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။