Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းတပ်သားသစ်များကို ရှေ့ဆုံးမှတိုက်ပွဲဝင်ခိုင်း၍ KNLAထံ အလင်းဝင်ဟု စစ်ကောင်စီတပ်သားများ ထွက်ဆို

အာဏာသိမ်းစစ်ကောင်စီတပ်သည် နည်းမျိုးစုံသုံးပြီး အတင်းအဓမ္မ စစ်သားစုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်များကို စစ်မြေပြင်၌ ရှေ့ဆုံးမှ တိုက်ပွဲဝင်ခိုင်းနေကြောင်း ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ထံ အလင်းဝင်ခဲ့သည့် တပ်သားသစ်များက ထွက်ဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ထံ အလင်းဝင်ခဲ့သည့်စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - Screen Grab

ဇူလိုင်-၁၆၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်သည် နည်းမျိုးစုံသုံးပြီး အတင်းအဓမ္မ စစ်သားစုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်များကို စစ်မြေပြင်၌ ရှေ့ဆုံးမှ တိုက်ပွဲဝင်ခိုင်းနေကြောင်း ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ထံ အလင်းဝင်ခဲ့သည့် တပ်သားသစ်များက ထွက်ဆိုသည်။

KNLAထံအလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများ၏ ထွက်ဆိုချက်ကို KNLAဗဟို ဌာနချုပ်က ပုံမှန် ထုတ်ပြန်လျက်ရှိရာ ဇူလိုင် ၁၅ရက်နှင့် ယနေ့(၁၆ရက်)တွင် စကခ(၁၂) လက်အောက်ခံ ခမရ(၃၅၅)မှ တပ်သားကောင်းထက်အောင် ၊ခမရ(၃၅၅)မှ တပ်သားအောင်နိုင်လေး၊ ခမရ(၁၁၇)မှ တပ်သား နှောင်ဖြိုးဝေတို့၏ ထွက်ဆိုချက်ရုပ်သံကို ဖော်ပြခဲ့သည်။

” ကျနော်တို့ကို ထိုးကျွေးသလိုဖြစ်လို့။ ကျနော်တို့ကို မဖြစ်နိုင်တဲ့ဟာ လုပ်ခိုင်းတယ်။ အရှေ့ကနေ လွှတ်ပြီးတော့ ကျနော်တို့ကို ထိုးကျွေးသလိုဖြစ်လာလို့ မနေချင်တော့လို့ ထွက်လာတာ”ဟု တပ်သားသစ် ကောင်းထက်အောင်က ပြောကြားပြီး စစ်ကောင်စီတပ်၌ ကျန်နေသည့် စစ်ကောင်စီတပ်သားများ အလင်းဝင်ရောက်ရန် ၎င်းက ဖိတ်ခေါ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ခမရ(၃၅၅)တပ်မှ တပ်သားအောင်နိုင်လေးကလည်း အလင်းဝင်ရောက်ရခြင်းမှာ စစ်ကောင်စီက မဖြစ်နိုင်သည်ကို အမိန့်ပေးခိုင်းစေနေခြင်းကြောင့် ဟု ပြောသည်။

” ပြီးတော့ လက်နက်ခဲယမ်းတွေ သူတို့ က အဲဒီလောက်ကြီးမပေးဘူး။ မပေးဘဲနဲ့ သူတို့အကြီးတွေကျတော့ နောက်မှာနေပြီး အငယ်တွေ ပစတွေချည်းပဲအကုန်ရှေ့ကို ပွိုင့်တွေ ထိုးလွှတ်တာ။တပ်ထဲမှာ ညှင်းပမ်းနှိမ်စက်မှုတွေရှိတယ်။ တိုက်ပွဲဖြစ်နေတုန်း အနောက်ကို တစက်မှ မဆုတ်နဲ့ မင်းတို့ဆုတ်တာနဲ့ တခါတည်း ပစ်သတ်မယ် ဘာညာ ခြိမ်းခြောက်တာ နှိပ်စက်တာရှိတယ်။ အဲဒီလိုတွေရှိလို့ ကျနော်အလင်းဝင်လာတာ”ဟု တပ်သား အောင်နိုင်လေးက ပြောသည်။

ကျန်နေသည့် စစ်ကောင်စီတပ်သားများအနေဖြင့် စစ်ကောင်စီအတွက် လက်နက်မကိုင်ဘဲ တော်လှန်ရေးဘက် ပူးပေါင်းကြရန်လည်း ၎င်းက တိုက်တွန်းသည်။

တပ်သားနှောင်ဖြိုးဝေသည် စစ်သားစုဆောင်ခံရပြီးသင်တန်းသို့ရောက်ရှိချိန်ကတည်းက စစ်တပ်မှ ထွက်ပြေးခဲ့ဟု ပြောပြသည်။

ထိုသို့ ထွက်ပြေးခဲ့ရာပြန်အဖမ်းခံရ၍ နှိပ်စက်ခံရကြောင်း၊ ထို့နောက် သင်တန်းအပြီး ဟဲဟိုးမြို့ ခမရ(၁၁၇)တပ်ရင်းသို့ ရောက်ရှိရာ တာဝန်ဆိုပြီး ရှေ့တန်းပို့ဆောင်ခဲ့ကြောင်း ပြောသည်။

” ကျနော်က နဂိုရ်ကတည်းက မုန်းတာ”ဟု တပ်သား နှောင်ဖြိုးဝေကအာဏာသိမ်း စစ်ကောင်စီကို မုန်းတီးကြောင်းပြောသည်။

အာဏာသိမ်းပြီး လူငယ်များကိုစစ်မှုထမ်းခေါ်ဆောင်နေသည်ကို ကာယကံရှင်များ မိဘများက မလိုလားကြောင်း တပ်သား နှောင်ဖြိုးဝေကပြောသည်။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့၏ အာဏာဆက်လက် ဆုပ်ကိုင်ထားနိုင်ရေးအတွက် လူငယ်ထု ပြည်သူများကို အတင်းအဓမ္မစုဆောင်း စစ်မှုထမ်းစေလျက် စစ်မြေပြင်များသို့ စေလွှတ်နေကြောင်း ယနေ့ (ဇူလိုင် ၁၆ရက်)တွင်ကျရောက်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ၌ ထည့်သွင်း ပြောကြားခဲ့ပြီး လက်နက်ချအလင်းဝင်ရောက်လိုသည့် အဓမ္မစစ်မှုထမ်းနေရသူများကို အဖွဲ့၏ မူဝါဒနှင့်အညီ ဆောင်ရွက်သွားရမည်ဟု အသိပေးသည်။

KNUလက်အောက်ခံ KNLAနှင့် KNDOပူးပေါင်းတပ်များအနေဖြင့် စစ်ကောင်စီလက်အောက်မှ ထွက်ပြေးလာသည့် တပ်သားများကို စစ်သုံ့ပန်း ဥပဒေနှင့်အညီ ကောင်းမွန်စွာ ထားရှိလက်ခံကြောင်း အသိပေးထားသည်။

တော်လှန်ရေး၌ပါဝင်ကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်လိုသူများကိုလည်း စစ်သင်တန်းများ ထပ်မံပြုလုပ်ပေးနေသည်ကိုလည်းတွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။