Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်တွင်ဗုံးကြဲခံရပြီး​ နေအိမ်အချို့ပျက်စီး

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီ က ယမန်နေ့နေ့လည် ၁ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် လေကြောင်းမှဗုံးကြဲခဲ့သည်။

ဗုံးကြဲခံရပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ

ဇူလိုင်-၁၈၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီ က ယမန်နေ့နေ့လည် ၁ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် လေကြောင်းမှဗုံးကြဲခဲ့သည်။

စစ်​ကောင်စီက ဇူလိုင် ၁၇ ရင်တွင်ဗုံး၁၀လုံးထက်မနည်းကို ဒီ​မော့ဆိုမြို့နယ်အတွင်းကြဲခဲ့ရာနေအိမ်နှင့် အ ဆောက်အဦးအချို့ပျက်စီးခဲ့​သော်လည်း လူထိခိုက်​သေဆုံးမှုမရှိ​ကြောင်းဒေသခံ နှင့် စစ်ဘေးရှောင်ကူညီနေသူအချို့က​ပြောသည်။

“ချယ်ရီကုန်းနှင့်လွိကထိကြားကိုကြဲတာ။တော် တော်ကိုကံကောင်းတာက ဗုံးတွေက နေအိမ်ပေါ် တိုက်ရိုက်မကျဘဲဘေးတွေပြန့်သွားတာ”ဟုဒီမော့ဆို မြို့နယ်နေသူက ပြောသည်။

Public Service Announcement

Public Service Announcement

ကရင်နီဒေသတွင်းစစ်ရှောင်ကူညီနေသူတစ်ဦးကလည်း “စာသင်ကျောင်းတစ်ခုနားကျတယ်။ချယ်ရီကုန်းစျေးကို လည်း ပစ်မှတ်ထားပြီး ကြဲတယ်။နှစ်ကြိမ်ကြဲတာ”ဟုပြောသည်။

တိုက်ပွဲ နှင့်သက်ဆိုင်မှုမရှိဘဲ အရပ်သားနေရာများကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံတကာအရေးယူမှုမှကင်းလွတ်ခွင့်ရနေသဖြင့် စစ်ကောင်စီကအကြိမ်ကြိမ်ကျူးလွန်​နေခြင်းဖြစ် ကြောင်း စစ်​ဘေး​ရှောင်ကူညီ​နေသူက ​ပြောသည်။

ကရင်နီ ပြည်နယ် ဒေသခံမယဥ်ထွေးကလည်း “ကားသံလား လေယာဥ်သံလားတောင်မခွဲနိုင်တော့ဘူး။ကားတံခါးပိတ်သံတောင်လက်နက်ကြီးသံထင်နေပြီးထပြေးနေရတဲ့အဖြစ်”ဟု လက်ရှိကြုံတွေ့နေရသည့်စိတ်ခံစားမှုကိုပြောသည်။

နေ့စဥ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုဖြင့် အရပ် သားများအား သတ်ဖြတ်နေသည့် စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ ချက်ချင်းချမှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းကို ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ဇူလိုင် ၁၆ ရက် တွင် တောင်းဆိုချက်ထုတ်ထားသည်။

စစ်တပ်၏ ပြည်သူများကိုပစ်မှတ်ထားသော လေ ကြောင်းတိုက်ခိုက်မှုများသည် ဇူလိုင်လအတွင်း ကရင်နီပြည်နယ်၌ပင် ခြောက်ကြိမ်ရှိခဲ့ပြီး ၁၅ ဦး သေဆုံးကာ ၁၈ ဦးဒဏ်ရာရပြီး အဆောက်အအုံ ၁၃ လုံး ဖျက်ဆီးခံခဲ့ရသည်ဟုဆိုသည်။

ယခုနှစ်အတွင်း ကရင်နီပြည်နယ်၌ ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီကသတ်ဖြတ်ခဲ့ပြီးလူမျိုးသုန်းသတ်ဖြတ်မှုအထိ ပစ်မှတ်ထားနေကြောင်း ကရင်နီပြည်နယ်ကြား ကာ လအုပ်ချုပ်ရေးကောင်စီ IEC က ဆိုသည်။

ယခုလ ရက်သတ္တပတ်နှစ်ခုတွင်လည်း စစ်ကိုင်းမြို့ နယ်၊ဝက်လက်မြို့နယ်၊မြိုင်မြို့နယ်၊မိုးကုတ်၊သ ပိတ်ကျင်း၊မတ္တရာ၊ကျောက်မဲ၊ဘီးလင်း နှင့် မောတောင် မြို့နယ်တို့ကိုစစ်ကောင်စီ၏လေကြောင်း တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့သည့်အရပ်သားပြည်သူ ၇၀ နီးပါးရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။