Connect with us

Hi, what are you looking for?

သတင်း

ငဖဲမြို့နယ်တွင်စစ်တပ်ကဒရုန်းဖြင့်ဗုံးကြဲ၍ အဖွားအိုတဦးသေဆုံးပြီး တစ်ဦးထိခိုက်

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာရှိတဲ့ နောင်ကျေးရွာပေါ်ကို စစ်ကောင်စီလေ ကြောင်းရန်ကာကွယ် ရေးတပ်နတ်ရေကန် (ဗျူဟာ)မှတိုက်ပွဲမရှိဘဲ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အဖွားအိုတဦးသေဆုံးပြီးတဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသအခြေစိုက် ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ထိခိုက်ပျက်စီးသွားတဲ့ နောင်ကျေးရွာမှ နေအိမ်တစ်လုံးကို တွေ့ရစဥ်(ဓာတ်ပုံ - CDF-Asho

ဇူလိုင်-၁၉၊ ၂၀၂၅။ ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာရှိတဲ့ နောင်ကျေးရွာပေါ်ကို စစ်ကောင်စီလေ ကြောင်းရန်ကာကွယ် ရေးတပ်နတ်ရေကန် (ဗျူဟာ)မှတိုက်ပွဲမရှိဘဲ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အဖွားအိုတဦးသေဆုံးပြီးတဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသအခြေစိုက် ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၁၈ ရက်မနက် ၁၁ နာရီခွဲလောက်က တောင်ပေါ်ကျေးရွာတစ်ရွာဖြစ်တဲ့ နောက်ကျေး ရွာကို စစ်ကောင်စီတပ်ကဒရုန်းအသုံးပြုပြီးဗုံးသီးနှစ်လုံးကြဲချခဲ့တာကြောင့် အသက် ၈၈ နှစ်အ ရွယ်အမျိုးသမီးကြီးတစ်ဦးသေဆုံး၍ ၂၀ နှစ်အရွယ်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“၂ လုံး ချတာမှာ ၁ လုံး အိမ်အပေါ်တည့်တည့်ကျပြီး ၁ လုံးက ရွာအပြင်ဘက် ကျပါတယ်”လို့ ချင်းကာကွယ်ရေးတပ်-အရှိုမှ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒရုန်းနဲ့ဗုံးကြဲခံရတဲ့ နောင်ကျေးရွာဟာ စစ်ကောင်စီလေကြောင်းရန်ကာကွယ်ရေးတပ် နတ်ရေကန်(ဗျူဟာ)နဲ့ မီတာ ၃,၀၀၀ ခန့်အကွာမှာတည်ရှိပြီးငဖဲမြို့ပေါ်နဲ့ဆိုရင်လည်း အလှမ်းဝေးတဲ့ကျေးရွာတစ်ရွာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီ နောင်ကျေးရွာဟာ အိမ်ခြေ ၁၀၀ ဝန်းကျင်သာရှိတဲ့ တောင်ပေါ်ရွာလေးတစ်ရွာဖြစ်ပြီး ချင်းတိုင်းရင်းသားအများစုနေထိုင်တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှိုထံမှ စုံစမ်းသိရပါတယ်။

လက်ရှိမှာ ငဖဲမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ နတ်ရေကန်(ဗျူဟာ)မှ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား မကြာခဏတိုက်ပွဲဖြစ်ပွားတာမျိုးရှိနေပေမယ့် အဲဒီဗျူဟာကုန်းကို စစ်ကောင်စီဘက်က ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငဖဲမြို့နယ်ထဲကကာကွယ်ရေးပစ္စည်းစက်ရုံ - ကပစ(၁၄)ကိုရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း အာဏာသိမ်းစစ်တပ်က ကပစ(၁၄)ပတ်ဝန်းကျင်မှာ ကာကင်းစခန်းတွေ ထပ်မံဆောက်လုပ် နေပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းလှနှင့် ငဖဲမြို့နယ်အတွင်း ရခိုင်ရိုးမတလျှောက်ရှိ တပ်စခန်းများအား စစ်ကောင်စီက အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများနှင့် စစ်မှုထမ်းသင်တန်းဆင်းအများအပြားဖြင့် အင်အားဖြည့်တင်းနေပြီး ဒေသတွင်း၌ စစ်ရေးတင်းမာလာနိုင်သည့်အခြေအနေကို ကြိုတင်သတိပြုကြရန် အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတိပေးသည်။

သတင်း

မကွေးတိုင်း၊ ငဖဲနှင့် ပဒါန်းမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် ၆၀ကျော်သေဆုံးပြီး ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၁၈ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများစွာရရှိကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway)က ယနေ့ (ဧပြီ ၂၁ရက်) ထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးရွာအနီးတွင်စစ်ကောင်စီတပ်နှင့် AAအပါအဝင် မဟာမိတ်တပ်များတို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးဆက်တိုက်ကြဲ၍ စခန်းမကျ​အောင် ခုခံနေကြောင်း ဒေသခံများကပြောသည်။