Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်တွင် ပလုံကောက်မိသားစု ကားတိုက်ခံရပြီး နှစ်ဦးသေဆုံး၊ ကားက မောင်းနှင်ထွက်ပြေး

နေပြည်တော်တွင် ဆိုင်ကယ်ဖြင့် ပလုံကောက်သော မိသားစုအား ကားတစ်စီးက တိုက်မိရာ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားသည်။

ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့သူ နှစ်ဦးကို လူမှုကူညီရေးအသင်းဝင်များက ဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်နေစဥ်

ဇူလိုင်-၁၉၊ ၂၀၂၅။ မိထက်/People’s Spring

နေပြည်တော်တွင် ဆိုင်ကယ်ဖြင့် ပလုံကောက်သော မိသားစုအား ကားတစ်စီးက တိုက်မိရာ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားသည်။

ဇေယျာသီရိမြို့နယ်၊ ဗောဓိမြိုင်ကျေးရွာအရှေ့ ရန်ကုန်-မန္တလေးလမ်းဟောင်းတစ်နေရာ၌ ယနေ့ မွန်းလွဲပိုင်းတွင် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

“ပလုံကောက်တဲ့ မိသားစု သုံးယောက်။ ကားက တိုက်ပြီး ထွက်ပြေးသွားတယ်ဗျ။ ဘယ်ကိုလိုက်လို့ လိုက်ရမှန်းလည်းမသိဘူး။ လိုက်မယ့်လူလည်းမရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အသက် ၇ နှစ်အရွယ်ကလေးတစ်ဦး၊ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိထားသည်။ မိသားစုလိုက် ပလုံကောက်ပြီး ဝမ်းစာရှာနေသူများဖြစ်ကြောင်း မျက်မြင်တွေ့သည့်ဒေသခံတစ်ဦးကပြောသည်။ ထိခိုက်သေဆုံးသည့်မိသားစုနှင့်ပတ်သက်၍ အသေးစိတ်မသိရသေးပေ။

” ငလျင်ဒဏ်က ခံရ။ ကုန်စျေးနှုန်းက ကြီး။ အလုပ်ကမရှိကြတော့ ဗူးတွေ ခွက်တွေလိုက်ကောက်တဲ့ ပလုံကောက်သူတွေ နေပြည်တော်မှာပိုများလာတယ်ဗျ” ဟု နေပြည်တော်၌ နေထိုင်သူတစ်ဦးကပြောသည်။

ရုပ်လောင်းနှစ်လောင်းနှင့် ဒဏ်ရာရသူအမျိုးသမီးကို နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံသို့ လူမှုရေးအဖွဲ့များက ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Facebook