Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင်မြေစာပုံပြိုကျ ရေမဆေး ၂၀ကျော် မြေပိ၊ ၁၇ ဦးရုပ်အလောင်းရှာတွေ့ထား

ဖားကန့်မြို့နယ်၊မှော်စီစာရွာတွင်ယနေ့ နံနက်ပိုင်း၌ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာသူ ၂၀ဦးထက်မနည်း မြေပိသွားကာ လက်ရှိတွင် ၁၇ဦးရုပ်‌အလောင်း ပြန်တွေ့ထားသည်။

​မြေစာပုံပြိုကျပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-CJ

ဇူလိုင်-၂၁၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်မြို့နယ်၊မှော်စီစာရွာတွင်ယနေ့ နံနက်ပိုင်း၌ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာသူ ၂၀ဦးထက်မနည်း မြေပိသွားကာ လက်ရှိတွင် ၁၇ဦးရုပ်‌အလောင်း ပြန်တွေ့ထားသည်။

ဇူလိုင် ၂၁ ရက်နံနက် ၉နာရီ ၄၀မိနစ်ခန့်တွင် ပြိုကျခြင်းဖြစ်ပြီး သေဆုံးသူများ၏ မိသားစုဝင်များကို ရှာဖွေကယ်ဆယ်ရေးသမားများက အကြောင်းကြားနေသည်ဟု သတင်းရရှိသည်။

“ဖားကန့်မှာတိုက်ပွဲတွေဖြစ်နေတော့လေကြောင်းနဲ့လက်နက်ကြီးရန်ကို ရင်တထိတ်ထိတ်နဲ့ နေရတာ။ ကျန်တာကို သတိမထားမိဘူးထင်တယ်ဗျာ။ သေဆုံးတာ များတယ်” ဟု မြေစာပုံပြိုကျသည့်နေရာ အနီးတွင်ရှိနေသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မြေစာပုံပြိုကျမှုတွင်ရေမဆေးကျောက်ရှာဖွေနေသူ ၂၀ဦးထက်မနည်း မြေပိသွားပြီးယနေ့ နေ့လယ် ၁၂နာရီခွဲခန့်အထိ ၁၇လောင်းပြန်တွေ့ထားသလို သေဆုံးသူနှင့်ပျောက်ဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း ဒေသခံအချို့က ပြောသည်။

ဖားကန့်တွင် ယခုရက်ပိုင်း၌ စစ်ကောင်စီနှင့် KIA၊KPDF တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းမှမကြာခဏဗုံးလာကြဲနေသည်။ လေကြောင်းအန္တရာယ်ကြောင့် ရှာဖွေကယ်ဆယ်ရေးကို အင်တိုက်အားတိုက်မလုပ်နိုင်သေးကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖားကန့်မှာ စစ်ကောင်စီနဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Facebook