Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောအုပ်စု ထီးချိုင့်မြို့ဘက် ဆန်တက်နေ

ပြည်သူများ ရှောင်ရှားရန်သတိပေး၊ စစ်သင်္ဘောများအား တိုက်ခိုက်မည်ဟု တော်လှန်ရေးတပ်ဖွဲ့သတင်းရင်းမြစ်ပြော

စစ်သင်္ဘောများကို ဧရာဝတီပူး​ပေါင်းစစ်​ကြောင်းက တိုက်ခိုက်နေစဥ်။ ဓါတ်ပုံ-NUG MOD

ဇူလိုင်-၂၃၊၂၀၂၅။ထားမြတ်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ငါးချောင်းဒေါင့်ရွာအနီး ရပ်နားညအိပ်ခဲ့သော စစ်ကောင်စီ၏ သင်္ဘောအုပ်စုသည် အထက်သို့ ဆန်တက်လာပြီး ထီးချိုင့်မြို့သို့ ဦးတည်လာပြီဖြစ်၍ တိုက်ပွဲများ ဖြစ်ပွားလာမည်ဟု တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောသည်။

“ထီးချိုင့်မြို့နယ် အောက်ပိုင်းကို ရောက်နေပြီ။ နေ့လည်ပိုင်း ထီးချိုင့်ရောက်နိုင်တယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောသည်။

စစ်သင်္ဘောများ ဝင်ရောက်လာပြီဖြစ်၍ ပြည်သူများခပ်ဝေးဝေးရှောင်ကြရန် ဆော်ဩထားရသည်ဟုလည်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်သင်္ဘောအုပ်စုသည် ထီးချိုင့်မြို့နယ်အတွင်း ဝင်ရောက်လာပါက တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောသည်။

ယင်းစစ်သင်္ဘောအုပ်စုသည်ဗန်းမော်မြို့ကို ဦးတည်မည်ဟုလည်း ထီးချိုင့်နယ် တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ခန့်မှန်းသည်။

“ရိက္ခာက တော်တော်များတယ်။ တပ်ပြောင်း ဝန်ထမ်းပြောင်းတွေလည်းပါမယ်လေ။”ဟု ၎င်းက ပြောသည်။

မန္တလေးမြို၊ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော (၁၇) စီးပါ အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များက သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ခိုက်ခဲ့သည်။

ယင်းစစ်သင်္ဘောအုပ်စုကို ပကဖနှင့် PDF တပ်ရင်းများပါဝင်သည့် ဧရာဝတီ ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၁စီးအားနစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး သင်္ဘောအချို့ မီးလောင်ပျက်စီးခဲ့သည်။

သပိတ်ကျင်းမြိုနယ်၊ ချောင်းသလဲကျေးရွာမှ ကျောက်ကြီးဇာတ်ဆိပ်ကြားနေရာများတွင် ဖြတ်တောက်ပိတ်ဆိုတိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော (၁)စီး ပျက်စီးမီးလောင်ကာ (၁)စီး နစ်မြုပ်ခဲ့ပြီး (၂)စီး မှာဆက်လက်မောင်းနှင်နိုင်ခြင်းမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာနက ဇူလိုင်၂၂ရက်တွင် ထုတ်ပြန်ထားသည်။

ဗန်းမော်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁)က စစ်သင်္ဘောများနှင့်ပတ်သက်သည့် အသိပေးချက် ထုတ်ပြန်ခဲ့ရာ စစ်သင်္ဘောများ သည် ဇူလိုင် ၂၂ရက်တွင် ထီးချိုင့်မြို့နယ်သို့ ရောက်ရှိလာပြီဖြစ်၍ ဗန်းမော်ခရိုင်အတွင်း မြစ်ကမ်းနားရှိ ပြည်သူများ အရေးပေါ် ပြောင်းရွှေ့ကြရန် တိုက်တွန်းထားသည်။

စစ်ကောင်စီသင်္ဘောများတက်လာသည်နှင့်အမျှ လေကြောင်း၊ရေကြောင်း တိုက်ခိုက်မှုများ တိုက်ပွဲများ ဖြစ်ပွားလာမည်ဖြစ်၍ ပြည်သူများ မြစ်ကမ်းနား တကြောသွားလာခြင်း ပွဲလမ်းသဘင် ပြုလုပ်ခြင်း၊လူစုလူဝေးများသို သွားရောက်ခြင်းမပြုလုပ်ရန်လည်း ဗန်းမော် PDFက နှိုးဆော်ထားသည်။

ထို့အပြင်မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းမှဇူလိုင်၂၂ ရက်မနက်ပိုင်းက စစ်သင်္ဘော ခြောက်စီး အထက်ပိုင်းသို့ ဆန်တက်ခဲ့ပြီး ယနေ့ (ဇူလိုင် ၂၃ရက်) မနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်အတွင်းရောက်လာပြီး ဆက်လက်ထွက်ခွာနေကြောင်း သတင်းရရှိသည်။

အဆိုပါသင်္ဘောများတွင် တိုက်ခိုက်ရေးယာဉ်၂စီးနှင့် တွဲတွန်း ဖလပ်ကုန်တင်သင်္ဘော ၄စီးပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။