Connect with us

Hi, what are you looking for?

သတင်း

မိုင်းပေါက်မြို့ရေဘေး ​ရေစီးဖြင့်​မျောပါသူများကယ်တင်ရန်ကြိုးစား​​သော ‘ဝ’ရဲအရာရှိအပါအဝင် အနည်းဆုံးသုံးဦး​သေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းပေါက်မြို့ ရေဘေး၌ ကယ်ဆယ်ရေးသမားရဲအရာရှိတစ်ဦးအပါအဝင် သေဆုံးသူ သုံးဦးထက်မနည်း ရှိလာပြီဖြစ်​ကြောင်း​​ဒေသခံအချို့က​ပြောသည်။

မိုင်း​ပေါက်မြို့တွင်​ရေးကြီး​နေစဥ်။ ဓါတ်ပုံ-​ဒေသခံ

ဇူလိုင်-၂၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းပေါက်မြို့ ရေဘေး၌ ကယ်ဆယ်ရေးသမားရဲအရာရှိတစ်ဦးအပါအဝင် သေဆုံးသူ သုံးဦးထက်မနည်း ရှိလာပြီဖြစ်​ကြောင်း​​ဒေသခံအချို့က​ပြောသည်။

မိုင်းပေါက်မြို့တွင်ဇူလိုင်လ ၂၀ရက်မှစ၍မိုးသည်းထန်ခဲ့ပြီး ဇူလိုင်လ ၂၁ရက်တွင် တောင်ကျရေများကျလာကာရေဘေး ကြုံတွေ့နေရရခြင်းဖြစ်သည်။

ဇူလိုင်လ ၂၂ရက် နံနက် ၅နာရီခန့်က မြို့တွင်း တောင်ကျရေးဆင်းလာစဉ် ကားအချို့မျောပါသွားပြီး အဖြူရောင်ကားတစ်စီးပေါ်၌ ပါသွားသူများကို ဝရဲအရာရှိတစ်ဦးက ကယ်ဆယ်ရန်ကြိုးစား​သော်လည်း ကယ်ဆယ်​သောရဲအရာရှိကိုယ်တိုင်နှင့် ကား​ပေါ်ပါသူ ၂ ပါသေဆုံးခဲ့​ကြောင်းဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရေစီးဖြင့်​​မျောပါသွား​သောကား​ပေါ်မှပြည်သူ များကိုလိုက်ကယ်ဆယ်ရင်း ကျဆုံးခဲ့​သော ‘ဝ’ရဲအရာရှိအိုက်ချင်ဟွာ ။ဓါတ်ပုံ-​UWSA

“ကားပေါ်မှာလူနှစ်ယောက်ပါသွားတယ်။ အဲဒီဟာကိုလိုက်ဆယ်တာ။ ဘယ်လိုမှဆယ်လို့မရဘဲပါသွားတာ။ ရုပ်အလောင်းကတော့ နှစ်လောင်းပြန်ရတယ်” ဟု ဒေသခံကပြောသည်။

လိုက်လံကယ်ဆယ်သူမှာ မိုင်းပေါက်ရဲဌာနတရားရေးကော်မတီမှ အသက် ၂၇ နှစ်အရွယ်ရဲအရာရှိရဲဘော် အိုက်ချင်ဟွာ(Qin Hua)ဆိုသူဖြစ်သည်ဟု ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSAက ယ‌နေ့ နံနက်ပိုင်း၌ ထုတ်ပြန်ထားသည်။

ကားပေါ်တွင် အမျိုးသမီးတစ်ဦးအမျိုးသားတစ်ဦးပါသွားပြီး အိုက်ချင်ဟွာ နှင့် အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားကြောင်းသတင်းရရှိသည်။

မိုင်း​ပေါက်မြို့တွင်​ရေ​ဘေး​ကြောင့် သေဆုံးသူအရေအတွက် အတိအကျကို မထုတ်ပြန်သေးသော်လည်း အလွန်အန္တရာယ်များသော ရေအခြေအနေကြောင့် ပိတ်မိနေသူများလည်း ကံမကောင်းစွာဖြင့် သေဆုံးခဲ့ရသည်မှာ စိတ်မကောင်းစရာဖြစ်ကြောင်း UWSAကထုတ်ပြန်ထားသည်။ သေဆုံးသူ သုံးဦးစာရင်းရထားပြီး ယင်းပမာဏထက်များနိုင်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ရဲဘော်Qin Hua သည် ပြည်သူများ၏ အသက်နှင့် ဥစ္စာပစ္စည်းများကို ကာကွယ်ရန် အပူတပြင်း ကယ်တင်မှုတွင် သူ၏ အဖိုးတန်အသက်ကို စတေးခဲ့သည်”ဟု UWSAက ထုတ်ပြန်ထားသည်။

UWSA၏ လားရှိုးမြို့ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲဖြစ်သည်။

တောင်တရုတ်ပင်လယ်ပြင်မှအပူပိုင်းမုန်တိုင်းဝီဖာ( Wipha) အရှိန်ကြောင့် ဇူလိုင်လ ၂၅ရက်အထိ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန-MOHADMကသတိပေးထားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။

ဝီဖာမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံကို ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအဖြစ် အားလျော့သွားသော်လည်း ထိုင်း၊ မြန်မာနိုင်ငံတို့တွင် မိုးဆက်ကြီးနိုင်ကြောင်း သတိပေးထားသည်။ မုန်တိုင်းကြောင့် တရုတ်၊ဖိလစ်ပိုင်နိုင်ငံတွင်လည်း ထိခိုက်မှုများပြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် မိုးကောင်းနေသည်။ တာချီလိတ်မြို့၊ လားရှိူးမြို့တို့တွင်လည်း လေပြင်းကျပြီး ထိခိုက်ပျက်စီးမှုများ ရှိနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်