Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်ကပြည်သူတွေကို တိုက်ပွဲအ​ကြောင်းပြ၍ စစ်တပ်နှင်ထုတ်နေ

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊ဒဟတ္တောကျေးရွာမှာတိုက်ပွဲဖြစ်လာနိုင်တယ်ဆိုပြီး စစ်တပ်က ဝင်တပ်စွဲပြီး​ ပြည်သူ​တွေကိုတော့နှင်ထုတ်လိုက်တယ်လို့ ဒေသခံ ​တွေက​ပြောပါတယ်။

မန္တ​လေး(PDF) နဲ့ မဟာမိတ်​တွေက မန္တ​လေးမြို့နဲ့ ၁၅ မိုင်ဝန်းကျင်အကွာ ရွာ ၃ ရွာက စစ်တပ်စခန်း​တွေကိုသိမ်းပိုက်ပြီး​​နောက်သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းများ။ဓါတ်ပုံ-မန္တ​လေး-PDF

ဇူလိုင်-၂၄၊၂၀၂၅။မေ/People Spring

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊ဒဟတ္တောကျေးရွာမှာတိုက်ပွဲဖြစ်လာနိုင်တယ်ဆိုပြီး စစ်တပ်က ဝင်တပ်စွဲပြီး​ ပြည်သူ​တွေကိုတော့နှင်ထုတ်လိုက်တယ်လို့ ဒေသခံ ​တွေက​ပြောပါတယ်။

ဇူလိုင်လ၂၄ ရက်နေ့ ၊မနက်ပိုင်းကစပြီး ဒဟတ္တောရွာမှာ စစ်တပ်က ဝင်​ရောက်တပ်စွဲပြီး ပြည်သူ တွေကို နှင်ထုတ် နေတာလို့သိရပါတယ်။ဒါ့အပြင် ဒဟတ္တောရွာအနီးက တောင် ပေါ်မှာလည်း လက်နက်ကြီးအထိုင်ချကာ ကျေးရွာ တွေဘက်ကို ပစ်ခတ်တာ​တွေလုပ် နေတယ်လို့​​ဒေသခံအချို့က​ပြောပါတယ်။

“‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တိုက်ပွဲဖြစ်လာမှာဆိုပြီးနှင်တာ။ကွန်ပျူတာတက္ကသိုလ်တကြောအကုန်ပဲ”လို့ ဒေသခံတဦး ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အဲဒီရွာဘက်ကို မြင်းခြံမြို့နယ်က သီတာယုမွန် ရဲ့ပျူစောထီးတပ်တွေကိုလည်း ကား၂စီးနဲ့ ပို့ပြီးအင်အားဖြည့်ထားတယ်လို့ စုံစမ်းသိရပါတယ်။

လက်ရှိမှာ ကွန်ပျူတာ တက္ကသိုလ်ကိုပါ စစ်တပ်ကအထိုင်ချတပ်စွဲထားပြီး ဒေသခံ တွေအားလုံးက ပြောင်းရွေ့နေကြတယ်လို့ သိရပါတယ်။

ဇူလိုင်လ၂၀ ရက်နေ့ကဒဟတ္တော ကျေးရွာအနီး မတ္တရာမြို့နယ် ထန်းပင်ကုန်းရွာ နဲ့ ပုသိမ်ကြီးမြို့နယ်ထဲက သရက်ကိုင်းနဲ့ မြကန်သာ ကျေးရွာမှာရှိတဲ့ စစ်တပ်​နောက်တန်းအထိုင်စခန်း​တွေအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလး(MDY-PDF)နဲ့မဟာမိတ်တပ်​တွေကသိမ်းပိုက်နိုင်ခဲ့ပါတယ် ။ ဗိုလ်ကြီး၁ဦးအပါအဝင် စစ်သုံ့ပန်း၁၆ဦးကိုအရှင်ဖမ်းမိခဲ့သလို စစ်သားအ​လောင်း ၁၅ ​လောင်းနဲ့ တရုတ်နိုင်ငံထုတ် လက်နက်ခဲယမ်း​တွေအပါအဝင်လက်နက်ခဲယမ်းအများအပြားကို​​တော်လှန်​ရေးတပ်​တွေကသိမ်းဆည်းနိုင်ခဲ့ပါတယ်။ မန္တ​လေး-မတ္တရာလမ်းစိုးမိုးနိုင်ဖို့ နဲ့ မတ္တရာ အ​ရှေ့ခြမ်းကို ပြန်လည်စိုးမိုးနိုင်ဖို့ စစ်တပ်က ၂၀၂၄ နှစ်ကုန်ပိုင်းကစပြီး ကြည်း​ကြောင်း၊​လေ​ကြောင်းအသုံးပြု ဆက်တိုက်ထိုးစစ်ဆင်​နေတာပါ။အဲလိုထိုးစစ်ဆင်ဖို့ ​ထားတဲ့ ​နောက်တန်းအထိုင်စခန်း​တွေကို PDF ​တွေက လျှပ်တပျက် တန်ပြန်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့တာပါ ။

ဆုံးရှုံးခဲ့တဲ့စခန်း​တွေကိုပြန်ရယူဖို့ စစ်တပ်က လက်နက်ကြီး​တွေနဲ့ PDF ​တွေရှိမယ်ထင်တဲ့​နေရာ​တွေကို ဆက်တိုက်ပစ်ခတ်တာ ၊​လေ​ကြောင်းက ဗုံးကြဲတာ​တွေ ဆက်တိုက်လုပ်​နေပါတယ် ။ ဒါအပြင် စစ်​ကြောင်းထိုးဖို့ ကြိုးစား​နေလို့တော်လှန်ရေး တပ်တွေနဲ့လည်း ထိတွေ့တိုက်ပွဲ တွေဆက်လက်ဖြစ်ပွားနေပါတယ်။

​မန္တ​လေးPDFသိမ်းပိုက်ထားတဲ့ရွာ​တွေကို စစ်တပ်က အပြင်းအထန်တန်ပြန်ထိုးစစ်ဆင်​​ပေမယ့်သိမ်ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး ဇူလိုင် ၂၁ ရက် က​နေ ဇူလိုင် ၂၄ ရက်အထိ့တိုက်ပွဲမှာ စစ်တပ်ရာ ဒုတိယဗျူဟာမှူးလို့ယူဆ ရတဲ့ အရာရှိ တစ်ဦးအပါအဝင် စစ်သားအ​လောင်း ၇ ​လောင်းနဲ့ လက်နက်ခဲယမ်း​တွေထပ်မံသိမ်းပိုက်ရရှိတယ်လို့ထုတ်ပြန်ပါတယ် ။စစ်တပ်က ​လေ​ကြောင်းက​နေ Y-12 ၊ MI-35 ​တွေကိုအသုံးပြုပြီး ဇူလိုင် ၂၀ ရက်​နေ့ကတည်းက အကြိမ်​ရေများစွာဗုံးကြဲတိုက်ခိုက်​နေ​ပေမယ့် မန္တ​လေး(PDF)​တွေနဲ့ မဟာမိတ်​တွေက ပန်းတိုင်ကို မမှိတ် မသုန်ဆက်လက်ချီတက်မယ်လို့ ဇူလိုင် ၂၄ ရက်မှာထုတ်ပြန်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။