Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ဒီးမော့ဆိုမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်ရန် ပြင်ဆင်နေဟုဆို

လွိုင်ကော်နှင့် မိုးဗြဲမြို့ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်ပါ စစ်ကြောင်းထိုးဝင်ရောက်ရန် ပြင်ဆင်နေသည်ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်များက ပြောသည်။

ဒီးမော့ဆိုမြို့နယ် လမ်းပိုင်းတနေရာရှိ တော်လှန်ရေးရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၂၅၊၂၀၂၅။ရဲခေါင်/People’s Spring

လွိုင်ကော်နှင့် မိုးဗြဲမြို့ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်ပါ စစ်ကြောင်းထိုးဝင်ရောက်ရန် ပြင်ဆင်နေသည်ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီ၏ ဒီးမော့ဆိုမြို့စောင့်တပ်ရင်းနှစ်ခုဖြစ်သော ခလရ(၁၀၂)နှင့် ခမရ(၄၂၇)တပ်ရင်းမှအပ မြို့နယ်၏ ဧရိယာအများစုကို လွှမ်းမိုးထားသော ကရင်နီတပ်ပေါင်းစု၏နေရာများကို ပြန်ယူရန်နှင့် ရွေးကောက်ပွဲအတွက် နယ်မြေရှင်းလင်းခြင်းဖြစ်နိုင်ကြောင်း ၎င်းတို့က သုံးသပ်သည်။

“ရည်မှန်းချက်ကတော့မှန်းခြေဖရူဆိုတို့ဘောလခဲတို့ဘက်ကိုကုန်းကြောင်းထိုးလျှောက်ချင်တာ။ ပြီးရင်သူတို့တွေက ရွေးကောက်ပွဲအတွက် လွိုင်ကော်ကိုသေချာကာထားဖို့အတွက် လည်းပါလိမ့်မယ်”ဟု ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ လွိုင်ကော်မြို့နယ်မှ ထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှစ်ခုသည် အနောက်ဘက်ခြမ်း ကယားညေးခူကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်အတွင်း မကြာမီဝင်ရောက် လာနိုင်သည်ဟု ဆိုသည်။

“လွိုင်ကော်မြို့နယ်ဘက်ကနေ၊ ဒီးမော့ဆိုမြို့နယ်ဘက်ကို တိုးလာတဲ့သဘော”ဟု ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက စစ်ကောင်စီစစ်ကြောင်းအခြေအနေအပေါ် ရှင်းပြသည်။

ကယားညေးခူသည် ဒီးမော့ဆို-မိုးဗြဲ လမ်းပိုင်းအနီးတွင်ရှိပြီး အဆိုပါလမ်းပိုင်းရှိ နန်းမယ်ခုံမြို့ကို ကရင်နီတပ်ပေါင်းစုက ထိန်းချုပ်ထားသည်။

“လွိုင်ကော်ပြန်ထိမှာကို စကစ အရမ်းကြောက်တယ်။ပြီးတော့ လွိုင်ကော်မှာလုပ်ခဲ့တဲ့ စကစ ပွဲတွေ စစ်တပ်ထိပ်တန်းခရီးစဥ်တွေကို တိုက်ခိုက်ခံထားရတဲ့ သာဓကတွေကြောင့် လွိုင်ကော်ဘေးပတ်ပတ်လည်ကို သူတို့ရှင်းချင်နေတာ။တကယ်လို့ စစ်ရေးအရ အသာစီးဖြစ်သွားရင် ဒီးမော့ဆိုလမ်းမကြီးဆီကို ထပ်ပြီးထိုးဖောက်နိုင်တယ်”ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ဒီးမော့ဆိုလမ်းမကြီးတကြောရှိ ကျေးရွာနေပြည်သူများသည် စစ်ရေးသတင်းအပါအဝင် လက်နက်ကြီး ၊ဒရုန်း၊လေကြောင်းအန္တရာယ် အချိန်မရွေး ရောက်လာနိုင်သည်ကို ဂရုစိုက်ရန်လည်း ရဲဘော်အချို့က တိုက်တွန်းထားသည်။

“ရအောင်ကာမယ် ၊ရအောင်တိုက်မယ်။အထိအခိုက် အကျဆုံးနည်းသမျှနည်းအောင် လုပ်ကြမယ်။ပြည်သူတွေလည်း လေယာဉ်သံ ၊ဒရုန်း ၊လက်နက်ကြီးသံတွေ နားစွင့်ပြီး ဘေးကင်းအောင်နေထိုင်ကြပါ”ဟု ဒီးမော့ဆိုမြို့နယ်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကရင်နီပြည်တွင် စစ်မျက်နှာခြောက်ခုထပ်မနည်း ရင်ဆိုင်နေရကာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ဖြင့် အဓမ္မစုဆောင်းထားသူများနှင့် PNO ပြည်သူ့စစ်အင်အား ထောင်နှင့်ချီ အသုံးပြုထားသည်။

ဒီးမော့ဆိုမြို့နယ်အောက်ဘက်ရှိ ဖရူဆိုမြို့နယ်ရှိ စစ်တပ်အခြေစိုက်တပ်စခန်းများကို စစ်ကောင်စီက နှစ်လဆက် လေကြောင်းမှ ခဲယမ်း၊ရိက္ခာအများအပြားပို့ဆောင်နေကြောင်း မကြာသေးမီရက်ပိုင်းက KNDF ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်တွင် ရှားတောနှင့် မယ်စဲ့မြို့နယ်တို့ကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားဆဲဖြစ်ကာ ဒီးမော့ဆို၊ဖရူဆို၊ဘောလခဲမြို့နယ်တို့ရှိ စစ်ကောင်စီ တပ်စခန်းများကို ပိတ်ဆို့ထားသည်။ဖား ဆောင်းမြို့သိမ်းတိုက်ပွဲတွင်လည်း စစ်တပ်၏ နောက်ဆုံးလက်ကျန် ခလရ(၁၃၅၀တပ်ရင်းကို ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။