Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးအနီးအင်အားအသင့်တင့်ရှိတဲ့ မြေငလျင်လှုပ်

မန္တလေးတိုင်း၊စဥ့်ကူးမြို့အနီးမှာအင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။

ဇူလိုင်-၂၇၊၂၀၂၅။မေရီ/People’s Spring

မန္တလေးတိုင်း၊စဥ့်ကူးမြို့အနီးမှာအင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။

ဇူလိုင်လ ၂၇ ရက်၊မနက်၁၁ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်း၊စဥ့်ကူးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာ(၆ မိုင်​ကျော်)ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၅ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတင်းထုတ်ပြန်ပါတယ်။

အဲဒီငလျင်ကြောင့်ထိခိုက်မှုရှိမရှိ စုံစမ်းနေဆဲဖြစ်ပြီး လက်တလောမသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

မန္တလေးမြို့မှာလည်းဇူလိုင် ၂၆ရက်ည သန်း​ခေါင်အ​ကျော် ၁၂ နာရီ ၄၁ မိနစ်ကလည်း အင်အားအသင့်တင့်ရှိတဲ့ ငလျင်ငယ်တစ်ခုလှုပ်ခတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“တိုက်ခန်းပေါ်ကနေ အကုန်ဆင်းပြေးရတယ်”လို့ ချမ်းမြသာစည်မြို့နယ်နေ အမျိုးသားတဦးက ပြောပါတယ်။

စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်တွေကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနဲ့အညီ နေထိုင်ကြဖို့ NUGရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကနေ အသိပေးထားပါတယ်။

မတ်လ ၂၈ ရက်က စစ်ကိုင်းငလျင်ကြီးလှုပ်ပြီး ​လေးလကြာတဲ့တိုင် ​နောက်ဆက်တွဲ​မြေငလျင်​တွေဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရာနဲ့ချီပြီး ဆက်တိုက်လှုပ်ခတ်​နေတာဖြစ်ပါတယ် ။

စဥ့်ကူးမြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့မြို့နယ်တခုဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်ကြားမှာ တည်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။