Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးရှိ တပ်စခန်းသိမ်းခံရသည့် စစ်တပ်က ဒေသတွင်းကျေးရွာများကို လက်နက်ကြီးအချက်ရာနှင့်ချီ ပစ်ခတ်

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် တော်လှန်ရေးပူးပေါင်းတပ်များကပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်ရှိရင်းတိုက်ကုန်းနှင့်လက်ပတ် စစ်ကောင်စီတပ်စခန်းများကို ဇူလိုင် ၂၅ရက်တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ် ဒေသတွင်းကျေးရွာ ၁၅ရွာထက်မနည်းကို လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်ရှိ နေအိမ်တစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဇူလိုင်-၂၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် တော်လှန်ရေးပူးပေါင်းတပ်များကပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်ရှိရင်းတိုက်ကုန်းနှင့်လက်ပတ် စစ်ကောင်စီတပ်စခန်းများကို ဇူလိုင် ၂၅ရက်တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ် ဒေသတွင်းကျေးရွာ ၁၅ရွာထက်မနည်းကို လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ရင်းတိုက်ကုန်းနှင့် လက်ပတ်ကျေးရွာရှိ စစ်ကောင်စီစခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ် ၁၆ ဦးထက်မနည်းသေဆုံးကာ တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံးခဲ့သည်။

စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းရခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါတပ်စခန်း နှစ်ခုသိမ်းခံရသည့် နေ့၌ပင် စစ်ကောင်စီတပ်က ဒေသတွင်းကျေးရွာများကို လက်နက်ကြီး (၂၇၄)လုံးနှင့် လေကြောင်းမှ ဗုံး (၆)လုံးပစ်ခတ်ခဲ့ကြောင်း KNU ဗဟိုက ဇူလိုင်၂၈ရက်တွင် အသိပေးထားသည်။

ကျေးရွာများကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး တိုက်ခိုက်ခဲ့မှု အခြေအနေကို KNUက ထုတ်ပြန်ခဲ့ရာ အညာစုကျေးရွာတွင် (၆၂)လုံး၊ ရင်းတိုက်ကုန်းကျေးရွာနှင့် နောင်ကုန်းကျေးရွာကြားတွင် (၅၂)လုံး၊ ရေလဲကရင်/ ရေလဲဗမာကျေးရွာတွင် (၂၁)လုံး၊ တောင်စုအရှေ့/အနောက်ကျေးရွာတွင် (၃၁)လုံး၊ မရမ်းစိန်းလေးကျေးရွာနှင့် နိုတောတာကျေးရွာကြားတွင် (၂၈)လုံး၊ လည်ပတ်ကျေးရွာတွင် (၃၂)လုံး၊ ကကြီးဆိပ်ကျေးရွာနှင့် ဒုံးတိုကျေးရွာကြားတွင် (၁၈)လုံး၊ ကရင်/ဗမာ မျက်ရဲကျေးရွာကြားတွင် (၈)လုံး၊ ငထွေစုတ်ကျေးရွာတွင် နေအိမ်(၂၂)လုံး စုစုပေါင်း လက်နက်ကြီး ၂၀၀ကျော် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကိုလည်းအသိပေးခဲ့ရာ အုန်းပင်စုကျေးရွာနှင့်ရင်တွင်းကုန်းကျေးရွာကြားတွင် ဗုံး (၂)လုံး၊ လည်ပတ်ကျေးရွာတွင် (၂)လုံး၊ ငနွားဆိပ်ကျေးရွာနှင့် အညာစုကျေးရွာကြားတွင် (၂)လုံး စုစုပေါင်း(၆)လုံး ကြဲချပစ်ခတ်ခဲ့ကြောင်းထုတ် ပြန်သည်။

စစ်ကောင်စီသည် ယခင်ကလည်း တိုက်ပွဲဖြစ်ပွားပါက တိုက်ပွဲဖြစ်ပွားရာနေရာများကိုသာမက ဒေသတွင်း ကျေးရွာများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ကရင်ဒေသအပါအဝင် ပြီးခဲ့သည့် နှစ်များအတွင်း တော်လှန်ရေးတပ်များက စစ်ကောင်စီစခန်းများ သိမ်းပိုက်ရရှိခဲ့သည့် ဖြစ်စဉ် အချို့တွင်စစ်ကောင်စီတပ်သည် ဒေသတွင်း ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်ရန် မှတ်ပုံတင်ထားသည့် မှတ်တမ်းဓာတ်ပုံအချို့ကို တွေ့ရသည်။

စစ်ကောင်စီတပ်သည် KNU အုပ်ချုပ်နယ်မြေများအတွင်းရှိ ပြည်သူလူထုနေထိုင်ရာနေရာများကို လက်နက်ကြီး လေကြောင်းတိုက်ခိုက်မှုများဆက် တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူလူထု ထိခိုက်သေဆုံးမှုများ မကြာခဏ ရှိနေသည်ကို KNU တပ်မဟာနှင့် ခရိုင်များ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်တပ်အထိုင်စခန်းနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး ဒရုန်း ၁စီး သိမ်းရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသ မြန်မာ-တရုတ် နယ်ခြားမှတ်တိုင် အမှတ်(၃၀) ရှိ စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အ​နောက်ခြမ်းက သဲအင်းရွာအစပ်နဲ့ ရှင်လှတောင်ရွာက စစ်တပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(မတ္တရာပကဖ)ကဇူလိုင် ၁၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။