Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်တွင်မိုးသည်းထန်နေစဉ် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ

မိုးကုတ်မြို့တွင် ယနေ့ နံနက်ပိုင်း၌ မိုးသည်းထန်စွာရွာနေစဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးဆက်တိုက်ကြဲနေသည်။

ဗုံးကြဲမှု​ကြောင့် ထိခိုက်ပျက်စီးခဲ့​သော ​နေအိမ်အချို့ ။ဓါတ်ပုံ-CJ

ဇူလိုင်-၂၉၊၂၀၂၅။လူအေး/People’s Spring

မိုးကုတ်မြို့တွင် ယနေ့ နံနက်ပိုင်း၌ မိုးသည်းထန်စွာရွာနေစဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးဆက်တိုက်ကြဲနေသည်။

“မိုးတွေရွာတော့ လေယာဉ်ပျံလာတာကိုမသိဘူး။ မိနစ်ပိုင်းအတွင်း ၇ လုံးရှိပြီဗုံးကြဲသွားတာ။ ဘာတွေထိခိုက်တယ်ဆိုတာမသိဘူးဖြစ်နေတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

ဇူလိုင် ၂၉ ရက်၊ နံနက်၉နာရီ၅၀မိနစ်အချိန်မှစ၍ ၁၀နာရီ၅မိနစ်အတွင်း ဗုံး၇လုံးထက်မနည်းကြဲထားသည်ဟု နောက်ထပ်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် တအောင်းအမျိုးသားလွတ်မြောက်ရေတပ်မတော်(TNLA)ထိန်းချုပ်‌ထားသော ကျောက်မဲ၊သီပေါနှင့် မိုးကုတ်မြို့နယ်တို့ကို လေကြောင်းမှ မကြာခဏ ဗုံးကြဲနေသည်။

ဇူလိုင်လ ၂၆ရက်ကလည်း မိုးကုတ်မြို့နယ်ရှိရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီက ဗုံးကြဲခဲ့ရာ အရပ်သား၁ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရခဲ့သည်။

ထို့အပြင် မိုးကုတ်မြို့အပါအဝင် မြန်မာနိုင်ငံ​ဒေသအများစုတွင် ယခုရက်ပိုင်းမိုးသည်းထန် စွာရွာသွန်း​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook