Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ကာကွယ်ရေးဌာန ဖွဲ့စည်း

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ကာကွယ်ရေးဌာန ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင် ၂၉ ရက်တွင် ကြေညာသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ အမျိုးသမီးအထူးတပ်သားသင်တန်းမှ ရဲမေများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF

ဇူလိုင်-၃၀၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ကာကွယ်ရေးဌာန ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင် ၂၉ ရက်တွင် ကြေညာသည်။

ကရင်နီပြည်၏ ကြားကာလအစီအမံ အပိုဒ် ၃၆၊ အပိုဒ်ခွဲ (ခ)၊ အပိုဒ်ခွဲငယ်(၆) ပြဋ္ဌာန်းချက်နှင့်အညီ ကာကွယ်ရေးဌာနကို ဖွဲ့စည်းလိုက်ခြင်းဟု အသိပေးသည်။

အပိုဒ် ၃၆၊ အပိုဒ်ခွဲ (ခ)၊ အပိုဒ်ခွဲငယ်(၆)၏ ဖော်ပြချက်အရ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီသည် ကောင်စီတွင် လိုအပ်သည့်ဌာနများ တိုးချဲ့ဖွဲ့စည်းခြင်းနှင့် ဖျက်သိမ်းခြင်းတို့ပြုလုပ်ရာတွင် ကရင်နီပြည်အတိုင်ပင်ခံကောင်စီထံ တင်ပြဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေးဌာနကို ဌာနမှူးကြီးနှင့် ဒုတိယဌာနမှူးများအဖြစ် စောဘီထူး၊ စောထိုကာရီ ၊စစ်မုန်း (ခ) အေးဆေးနှင့်စောတူးတူးတို့က တာဝန်ယူမည် ဖြစ်သည်။

“ဖက်ဒရယ်ရဲ့ စံနှုန်းအရ အရပ်သားအုပ်ချုပ်မှုအောက် လက်နက်ကိုင်တပ်ထားရှိရေး အတွက် လက်နက်ကိုင်အဖွဲ့ကကာကွယ်ရေးဝန်ကြီးဌာန (လက်ရှိကြားကာလ) ကာကွယ်ရေးဌာန ရှိရပါမယ် ။ကရင်နီတစ်ပြည်လုံးရဲ့ လက်နက်ကိုင်တပ်အားလုံး စုစည်းနိုင်ဖို့ မျှော်လင့်ရပါတယ်”ဟု ကရင်နီလူငယ်များသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ၎င်း၏ အမြင်ကို ပြောသည်။

ကာကွယ်ရေးဌာန ဖွဲ့စည်းခဲ့မှုနှင့်ပတ်သက်၍ IEC၏ တာဝန်ရှိသူထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

“နယ်မြေတစ်ခုကို တည်တံ့ခိုင်မြဲ အောင်ထိန်းနိုင်ဖို့အတွက် ပြင်ဆင်မှု တကယ်လိုအပ်တယ်”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ကရင်နီပြည်နယ်၌ စစ်ကောင်စီကို တိုက်ခိုက်ရန် ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ – Joint Chiefs of Staff (JCS)ကို ၂၀၂၄နှစ်ကုန်ပိုင်းက ဖွဲ့စည်းထားသည်။

ကရင်နီပြည်နယ်၌ စစ်တပ်အာဏာမသိမ်းမီက KNPP၊ KNPLF၊KNLP၊KNPD၊ KNSOနှင့် KNG စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသာရှိပြီး ၂၀၂၁ နောက်ပိုင်းတွင် KNDF၊ PKS PDF၊ Loikaw local PDF၊ Mobye local PDF၊ DMO Local PDF ၊ URF ၊ Loikaw GZ – 21၊KRU ၊KGZ၊KDF တို့ တော်လှန်ရေးတပ်များ ထပ်မံပေါ်ပေါက်လာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လက်အောက်ခံတပ်များအဖြစ် ဖားဆောင်း PDF၊ဘောလခဲ PDF၊ ဖရူဆို PDF၊ ဒီးမော့ဆို PDF၊မိုးဗြဲPDF ဖယ်ခုံ PDFနှင့် လွိုင်ကော် PDFတို့ ရှိသည်။

IECသည် ကရင်နီပြည်နယ်ကို မြို့နယ် ၁၇ခုခွဲကာ လည်ပတ်နေပြီး ပြည်ထဲရေး၊ပညာရေး၊ကျန်းမာ ရေး၊လူသားချင်းစာနာမှုနှင့် ပြန်လည် ထူထောင်ရေး၊စီမံကိန်း၊ဘဏ္ဍာရေးနှင့်အခွန်၊အမျိုးသမီးနှင့် ကလေး သူငယ်ရေးရာ၊တရားရေး၊ကုန်သွယ်ရေးနှင့် စိုက်ပျိုးမွေးမြူးရေးဌာနများကို ဖွဲ့စည်းထားပြီး ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ အကျဥ်းထောင်၊အကျဥ်းစခန်းတွေက အကျဥ်းသား ၂၃၄ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ သက်သာခွင့်ပေးလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ထုတ်ပြန်ပါတယ်။